42. Ch 31

4.1K 563 33
                                    

Unicode

Htoo-6: " အချစ်ကလေးတို့! ပစ်ထားခဲ့တဲ့ ဒီအမိုက်အမဲလေးကို ဘာလုပ်ချင်လဲ 🙊"

You: ".....🖊....."

(eg. 😡👊👊🗡🗡)

Ch 31

Zi You စားသောက်ဆိုင်ထဲ ဝင်လာစဥ် လူသူကင်းရှင်းနေလေရာ ဒါရိုက်တာကြီးက တစ်ဆိုင်လုံးကိုငှားရမ်းထားမှန်းသိသာသည်။ စားသောက်ဆိုင်၏ စားပွဲများမှသည် အဆင်အပြင်များအထိ အကုန်လုံးက အဆင့်ရှိရှိတွေချည်းသာ။ မကြာလိုက်ပါ... လူတိုင်းက ပါတီကို စတင်ဆင်နွှဲ ပြီဖြစ်သောကြောင့် စားသောက်ဆိုင်တစ်ခုလုံးတွင် သံစဥ်တို့ ပွင့်အန်ထွက်လာသည်။

အကုန်လုံး ခွင့်ပြုချက်ကြောင့် သောက်သောက်စားစားပေါ့ပေါ့ပါးပါး ဖြစ်နေကြချိန်....Zi Youလည်း လက်တွင်ဘီယာတစ်ဘူးကိုင်ကာ တစ်နေရာထိုင်လိုက်သည်။

ဘီယာကို တစ်ငုံချင်းသောက်ရင်းက လူတိုင်းကိုမျက်လုံးဝေ့ကြည့်မိသည်။ Zi You က များများစားစားမသောက်..  သူ့ရဲ့ ရေချိန်က နိမ့်သောကြောင့်လည်း မဟုတ်ရပါ....သောက်ရတာမကြိုက်ခြင်းသာဖြစ်သည်။

Lui Yunက သူ့အနားမှာ Zi Youမရှိတာကိုသတိပြုမိလျှင် ခေါင်းလှည့်ရှာဖွေလိုက်သည်။ Zi You ဘီယာဘူးကို တစ်ငုံချင်းသောက်ရင်း အခြား​သူအားလုံးကို ဝေ့ကြည့်နေသည်အား သူတွေ့လိုက်ရ၏။   အခြားသူများကို  တစ်ခွက်တဖလားတိုက်ရန် ထွက်သွားသဖြင့် လူမရှိတော့သော စားပွဲတစ်ခုဆီ Zi You ကို
ဆွဲခေါ်လာလိုက်သည်။ Zi You ကို အလွယ်တကူအရက်စွဲသွား​စေရန် သူ ခွင့်မပြုနိုင်ပါ။ လူတချို့က ထိုဟာကို သတိပြုမိကာ Zi You ကိုပစ်မှတ်ထား၍ အရက်ပြင်းများ စတင်ကမ်းပေးလာသည်။  Zi You ကလည်း မငြင်း ၄င်းတို့တိုက်သမျှကို သောက်၏ ။

ပါတီပွဲက နံနက်၂နာရီ နီးပါးတွင်မှ လူစုကွဲသည်။ ဤအချိန်တွင်တော့ အားလုံးလည်းမူးနေပြီဖြစ်ကာ...ပြန်သည့်သူကပြန်ကုန်ပြီ။ Lui Yun လည်းမူးနေပြီ။ Zi You လည်း သက်ပြင်းချ၍ Lui Yun နှင့် မိမိအတွက်ခွင့်ပန်ကာ Lui Yun ကိုဆွဲပြီး အပြင်သို့ထွက်ခဲ့သည်။ တက္ကစီခေါ်၍ နှစ်ဦးစလုံး ဝင်ထိုင်လိုက်၏။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now