54. Ch 42

3.5K 383 10
                                    

Unicode

ဘာဖြစ်သွားသည်ကို Zi You မသိလိုက်။ သူကြားလိုက်ရတာသေနတ်သံ ဖြစ်ကြောင်းနှင့် မသိလိုက်ခင်မှာပဲ သူ Lui Yun ရှေ့ကိုရောက်သွားကြောင်းသာ မှတ်မိတော့သည်။

စူးနစ်နာကျင်
သည့်ခံစားချက်က သူ့နှလုံးသားမှ
ဖြာထွက်လာသဖြင့် သူလက်မြှောက်ပြီး အုပ်ကိုင်လိုက်သည်။ ထိုနေရာတစ်ခုလုံးသွေးများဖြင့် စိုရွှဲနေပြီး နာကျင်မှုက မဆည်တန့်နိုင်အောင်ပင်များပြားလှပါသည်။

Lui Yun ထိုအဖြစ်အပျက်ကို ယုံကြည်ရန်သတ္တိမရှိ။ သူ မြင်ရသည်က အစစ်အမှန်ဆိုတာကို လက်သင့်မခံနိုင်။ ဒီလိုအဖြစ်မျိုး ဖြစ်စေဖို့ သူ ခွင့်မပြုနိုင်။  Zi You ၏ ခန္ဓာကိုယ်လေးကို ထွေးဖက်ရင်း သူ့ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာတော့
သည်။

Zi You သူ၏မျက်ခွံများ နည်းနည်းချင်းပိတ်ကျလာသည်ကို ခံစားမိသည်။ သူ မျက်လုံးများကို မှိတ်မပစ်ချင်..သို့သော် ဖိအားက များလွန်းလှပါသည်။ သူ အတတ်နိုင်ဆုံး အပြုံးတစ်ခုကို ပုံဖော်၍ Lui Yun ၏ ပါးပြင်ကို ဖွဖွကိုင်သည်။

"ကျွန်တော် တောင်းပန်ပါတယ်...ခင်ဗျားကိုချစ်တယ်...ခင်ဗျားကို ပိုင်ဆိုင်ပြီး မကြာခင်ပဲ ကျွန်တော့်အချိန်တွေ ကုန်ပြီထင်ပါရဲ့...ခင်ဗျားအနေနဲ့ ဆက်လက်အောင်မြင် နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်နော်"

သူ ကြိုးစားပြီးပြောသော်လည်း သူ့ခန္ဓာကိုယ်က ခွင့်မပြု...အသက်ရှူဝအောင် မနည်း ကြိုးစားနေရလေသည်။

"ကျွတ်...စကားမပြောပါနဲ့ကွာနော်..မင်း ကောင်းလာမှာပါ.. ပြန်ကောင်းလာမှာလေနော်...ကိုယ်တို့ လက်တွဲပြီး အတူအသက်ကြီးကြရဦးမှာ...ကိုယ့်ထက်စောစောထွက်သွားဖို့ မင်းပြောရဲတယ်ပေါ့..."

Lui Yun က ပြောသည်။ မျက်ရည်များကြောင့် သူ့အကြည့်က ဝါးနေသော်လည်း Zi You ကိုမူ တိုးလို့ဖက်ထားခဲ့ပါသည်။

Zi You ဖွဖွကလေးပြုံးသည်။ သူ့မျက်ဝန်းများကမူ Lui Yun ကို နောက်ထပ်မကြည့်နိုင်တော့ပါ။

' ကျွန်တော်လေ...နောက်ဘဝမှာ ခင်ဗျားနဲ့ ပြန်ဆုံပါရစေ...'



ပြန်ပေးဆပ်ရမယ်Where stories live. Discover now