37. Ch26

6.9K 894 33
                                    

Uni

Zi You က အခြားသူတွေကို ပထုတ်လိုက်တာလည်းမြင်ရော Lui Yunတို့ပြုံးစစဖြစ်သွားတယ်။ Zi You သူ့ဆီလျှောက်လာတဲ့အတွက် သူကပါ ကားအပြင်ကိုထွက်လိုက်တယ်။

Zi You က Lui Yun ကို မျှော်လင့်မထားဘဲတွေ့ရတာကြောင့် ကြောင်အမ်းသွားခဲ့ပါသေးတယ်။ ဘယ်သူ့ကိုမှ သူ့ရဲ့နေရာကို ပြောမထားဖူးတာ အသေချာကြီးကို။ တစ်ယောက်ဆီတစ်ယောက်လျှောက်လှမ်းလာကြပြီး သူတို့ တဖြည်းဖြည်းရပ်တန့်လိုက်ကြပါတယ်။

"ဒီကို ဘယ်လိုရောက်လာတာလဲဗျာ" လို့ Zi You က Lui Yun ကို ထုတ်ဖော်မေးတယ်။

"လုပ်ဖော်ကိုင်ဖက်တစ်ယောက်က တစ်ယောက်သောသူကို ညစာအတူစားဖို့ ဖိတ်ရင် ရနိုင်မလား" ဟု Zi You ကို မျက်စပစ်ပြရင်း Lui Yun က တုန့်ပြန်လေသည်။

"ဒိတ်တာဆိုပါတော့"

Zi You က ဟာသလုပ်ပြီးမေးတယ်။ အဲဒီလိုဆိုရင်တောင် သူ လိုက်မှာပါပဲ။

"အဲလိုပြောလည်း ရတာပ"

သူ့ရဲ့ ကမ်းလှမ်းချက်က ချောချောမွေ့မွေ့ဖြစ်သွားသော်လည်း Zi Youဘက်က ဒီလိုမေးခွန်းနဲ့ ပြန်ဖြေတာကို အံ့အားသင့်သွားရင်း Lui Yun က ဆိုပါတယ်။

"အိုခေ..ဒါနဲ့ ဘယ်သွားကြမှာလဲဗျ" ဟု

Zi You က သူ့ကိုဆွဲခေါ်ပြီး ကားတံခါးဖွင့်ပေးတဲ့ Lui Yun ကို မေးလိုက်ပါတယ်။ Lui Yun က ကားမောင်းသူနေရာကို ဝင်ထိုင်လိုက်ပြီး လမ်းမဆီ မောင်းမထွက်ခင် ပြန်လည်ဖြေကြားလိုက်ပါတယ်။

"Loskey ကို သွားကြမယ်"

Loskey ဆိုတာ အင်မတန့်အင်မတန်အဆင့်မြင့်တဲ့ စားသောက်ဆိုင်ကြီးဖြစ်တယ်။ အဲသည်နေရာက စားစရာအားလုံးက ဈေးကြီးလွန်းတာနဲ့အတူ အပြင်အဆင်တွေကလည်း လှပပြီး အဆင့်အတန်းမြင့်လှတယ်။

ကားမောင်းနေစဉ်တစ်လျှောက်ကတော့ နှစ်ဦးသား တောင်တောင်အီအီပြောနေရင်းပဲ အချိန်ကုန်သွားတာပါ။

ကားစီးနေရင်းပဲ နှလုံးသား နှစ်ခုဟာ အပြန်အလှန် စတင်ခုန်လာခဲ့ပါတယ်။ နှစ်ယောက်လုံးကတော့ သူတို့ရဲ့ပန်းတိုင်ကို ရောက်အောင်ပြေးဖို့ ညီညာကြိုးစားနေကြပါပြီ။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now