46. Ch 35

3.4K 499 12
                                    

Uni

သူ့တစ်ကိုယ်လုံးကို သိမ်းဖက်ထား သော Lui Yun ကို ကြည့်ရန် သူမျက်လုံးဖွင့်ကြည့်လိုက်သည်။ ယမန်ညက ဘာလုပ်ခဲ့သည်ကို သတိမရသေးဘဲ သူ့မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ ပြီးကာမှ သူ၏ ပါးပြင်တစ်ခုလုံးရဲတွတ်သွားကာ ထို ရှက်စဖွယ်မှတ်ဉာဏ်များကို ပြန်မတွေးမိရန် ကြိုးစားတိုက်ခိုက်နေရသည်။

Lui Yun က Zi You ရှက်သွေးဖြန်းသွားလျှင် မချင်မရဲဖြစ်လာကာ သူ့လက်တစ်ဖက်ကို တိတ်တဆိတ်လှမ်းလင့်ကာ Zi You ၏ပါးကလေးကို ဆွဲညှစ်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့ပါးကို ဆွဲညှစ်လိုက်သည့်တိုင် Zi Youမှာ မနေတတ်သေးပါ။ ထို့​ကြောင့် ခေါင်းကိုမော့၍ Lui Yunကို စိန်းစိန်းကြည့်သည်။ စိန်းစိန်းကြည့်နေပုံကလေးက ပြောရမည်ဆိုလျှင် ကလေးတစ်ဦး စူဆောင့်အောင့်နေသည့်ဟန်။ Lui Yun လည်း မတတ်နိုင်ပဲ စတင်ရယ်မောမိတော့၏။

Zi You အတွက်လည်း ယခုလိုရယ်မောနေသည့် Lui Yun ကို ကြည့်ကာ မတတ်နိုင်ပဲ သူ၏ နှလုံးသားလေးက အနွေးဓာတ်ကို ခံစားလိုက်ရသည်။ သိအောင်ပြောရလျှင် Lui Yun အနေနှင့် မိမိကို ပူပင်သောကငြိမ်းစေသော သူ့လိုလူမျိုးကို ချန်ရစ်ထားခဲ့မည်မဟုတ်။ အချိန်မရွေး ပျက်စီးနိုင်သည့် ဆက်ဆံရေးတစ်ခုလို့ပဲဆိုဆို သူတို့ လက်ဆုံစားချင်ပါသေးသည်။သို့မှသာ... သူတို့အတူရှိသော ဤအခိုက်အတန့်များကို ရင်ဝယ်ပိုက်သိမ်းနိုင်မည်ဖြစ်သောကြောင့်။

Lui Yun က Zi Youကို ဧည့်ခန်းသို့သယ်လာခဲ့သည်။ အချိန်အားဖြင့် နေ့လယ်၂ချက်တီးကျော်ပြီ။ Zi Youလည်း မတတ်နိုင်တဲ့အဆုံး Lui Yun၏ ဇက်ပိုးတွင် သူ့ခေါင်းကို မီထားလိုက်သည်။ နှုတ်ခမ်းပိတ်တေးညည်းသံလေးနှင့်အတူ Lui Yun သူ့ကို ဆိုဖာထက်တင်လိုက်တာ ခံလိုက်ရ၏။

"ကိုယ် မင်းစားဖို့ လုပ်ပေးမလို့ ဒီမှာထိုင်ဦးနော်...မင်းက မနက်စာရော နေ့လယ်စာရော မစားပဲ တစ်ချိုးတည်းတန်းအိပ်တော့မလို့..."
Lui Yun က ထိုသို့ပြောပြီး မီးဖိုခန်းထဲသို့ထပ်ဝင်သွားသည်။

Zi You က အသိပြန်ကပ်သွားချိန်မှ ခေါင်းငြိမ့်လိုက်ရသည်။ သူ့ အတွက်အသစ်အဆန်းဖြစ်နေခဲ့၏။ ဒီလို ချစ်မေတ္တာမျိုး ဘယ်တုန်းကမှ မရဖူးခဲ့သည်မို့။ သူ၏ ပတ်သတ်မှုအများစုမှာ တော်တော်များများက ငွေကြေးနှင့်တည်ဆောက်ထားတာဖြစ်သည်။
လူတွေကလည်း ရလာမည့် အကျိုးအမြတ်ငွေကိုကြည့်၍ သူနှင့်တွဲကြခြင်းဖြစ်သည်။ သူ့ကို ဘယ်သူကမျှ ဘယ်တုန်းကမျှ ယခုလိုမခံစားစေခဲ့ရ။ သိပ်ကိုမိသားစုဆန်သည်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now