24. Ch 14.1

8.1K 1K 26
                                    

Uni

သူတို့အားလုံး စားသောက်ပြီးကြတဲ့အခါမှာ Lu Yinက စေတနာ့အကူလုပ်ပြီး ပန်းကန်တွေကိုဆေးကြောတယ်။ ပန်းကန်တွေအားလုံး ဆေးလို့ပြီးမှ သူတို့အသီးသီးအသက အိပ်ခန်းတွေဆီသွားကြတယ်။

Zi Youလည်းပဲ သူ့အခန်းထဲကို ဝင်သွားပြီး ရေချိုးတယ်။ ဒီမတိုင်ခင်ကမှ သူရေချိုးထားတာဖြစ်သော်လည်းပဲ ဒီနည်းက ထွက်လာတဲ့ချွေးတွေကို အမြန်ဆုံး ရှင်းထုတ်နိုင်တဲ့ တစ်ခုသောနည်းဖြစ်နေလို့သာ။ သူထွက်လာတဲ့အခါမှာတော့ သူ့ရဲ့ဆံပင်တွေကို တပတ်တစ်ထည်နဲ့သုတ်တယ်။ သူက သူရဲ့ဆံပင်တွေကို လေနဲ့မှုတ်ပြီးအခြောက်ခံရတာမကြိုက်ဘူး။ဒါကြောင့် ဒီနည်းလမ်းကိုသူ ဘယ်တော့မသုံးဘူး။

သူ့ရဲ့ခြေလှမ်းတွေကို တူရိယာခန်းဘက်ကို ဦးတည်လိုက်တယ်။ အခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ သူ မမျှော်လင့်ထားတဲ့ တစ်စုံတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် တွေ့လိုက်ရတယ်။ ကောင်းပါပြီ။ မျက်နှာချင်းဆိုင်တော့ မဟုတ်ပါဘူး။ Meng Shu စန္ဒယားတီးနေတာကို သူမြင်ရတာ။

Zi Youလည်း အဲဒီနေရာမှာပဲ ရပ်ပြီး လှပတဲ့သံစဉ်ကို နားထောင်နေတယ်။ ဟုတ်တယ်။ လှပတယ်။ ဒါပေမဲ့ အဲဒါက ပူဆွေးသောကနဲ့ ခါးသီးခြင်းတွေကို တစ်ပါတည်းသယ်ဆောင်လာတယ်။ မင်းသာ အပျော်တမ်းဂီတသမားလေးသာဆို ဒါကိုရှာဖွေ တွေ့ဖို့ ဘယ်တော့မှတတ်နိုင်မှာမဟုတ်ဘူး။ ဂီတကိုလွန်စွာ ချစ်မြတ်နိုးပြီး ဆိုတတ် ကတတ် တီးမှုတ်တတ်တဲ့ သူ့လို လူမျိုးသာ ရှာတွေ့နိုင်တာ။ သူသာလျှင် ဒါက ပူဆွေးသောကနဲ့ ခါးသီးမှုဖြစ်ကြောင်း အမှန်ကန်ဆုံး ကွက်ကွက်ကင်းကင်း ဖော်ထုတ်ဖို့ တတ်နိုင်တယ်။

Meng Shuတီးလို့ပြီးတာနဲ့ Zi Youက လက်ခုပ်တီးလိုက်တယ်။ ဂီတတစ်ပုဒ်ကို နားဆင်လိုက်ပြီးတာနဲ့ အဲဒါရဲ့ ပုံပြင်ကို သူအတပ်ပြောနိုင်တယ်။ နားဆင်သူအနေနဲ့ ဂီတကနေ ပုံပြင်တစ်ပုဒ်ကို ပြောဖို့ တတ်နိုင်တယ်ဆိုရင် ထိုဂီတ ကို တီးခတ်တဲ့သူအနေနဲ့လည်း ဘယ်လောက်တောင်ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလဲ ဆိုတာ ပြောဖို့တတ်နိုင်တယ်။

Meng Shuက လက်ခုပ်တီးတဲ့သူကို ရှာဖို့ သူ့ခေါင်း ကို အနောက်ဘက်လှည့်ကြည့်တယ်။ သူ Zi Youကို မြင်တဲ့အခါ တခဏတော့ အတော်လေးရှောခ့်ရသွားတယ်။ ဒီအခန်းထဲမှာ အခြားတစ်စုံတစ်ယောက်ရှိနေတာကို သူ သတိမပြုခဲ့မိဘူး။ ဒါကြောင့် Meng Shu ရဲ့ မျက်ဝန်းတွေ အနည်းငယ်မှောင်သွားပြီး မတ်တပ်ရပ်လိုက်တယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now