Uni
10.2
"လွန်ခဲ့တဲ့ လ အနည်းငယ်က သူတို့ရဲ့ ပွဲဦးထွက်ကို လုပ်ခဲ့ပြီးသွားပြီ။ ဒါပေမဲ့ ငါထင်ပါတယ်။ မင်းကို ဒီအဖွဲ့ထဲ ထပ်ထည့်လို့ရလောက်သေးတယ်ဆိုတာ။ ဒါပေမဲ့ ပူစရာမလိုဘူးနော်။ ဒီရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားရင်တောင် မင်းရဲ့ ပထမဦးစားပေးက သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ပဲ။" လို့ Xu Ming ကပြောတယ်။
" ကျွန်တော့်ကို idol group ထဲ ပါဝင်စေဖို့ ခင်ဗျား လုံးဝ ဆုံးဖြတ်ပြီးပြီလား။"
Zi Youက မေးခွန်းထုတ်တယ်။Zi Youရဲ့ စကားလည်းကြားရော Xu Mingတစ်ယောက် အနည်းငယ်တုန်တက်သွားပြီး မျက်ကလဲဆန်ပြာဖြစ်သွားတယ်။
ကြည့်နေတဲ့ အခြားလေးယောက်ဟာလည်း အသက်ရှူတွေမှားသွားရတယ်။ ယခင့်ယခင်တုန်းက Xu Mingတစ်ယောက် အခြားတစ်ယောက်ရဲ့ရှေ့မှာ ကြောက်လန့်သွားတာမျိုး မြင်ကိုမမြင်ဖူးဘူး။ သူတို့ ခန့်မှန်းလိုက်ကြတယ်။ ဒီ Zi Youမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိကိုရှိရမယ်။ ဒါဆိုရင် ဘာလို့ သူတို့အဖွဲ့ထဲကို လာထည့်နေရသေးလဲ? ။ ဆိုလိုတာက သူတို့ကို ပွဲဦးထွက် မိတ်ဆက်ပြီးပြီဖြစ်လို့ ဒီအဖွဲ့ထဲက လူတွေရဲ့ အနေအထားကို ပြန်လည်စီမံဖို့ဆိုတာ ခက်ခဲ့တဲ့ကြိုးစားမှုတစ်ခု ဖြစ်လိမ့်မှာပဲ။ သူတို့ရဲ့ တိုက်ခန်းမှာ လူက အပြည့်ဖြစ်ပြီဆိုတာ ထည့်ပြောစရာတောင်မလိုဘူး။ ဒါကို အခု နောက်တစ်ယောက်တောင် သူတို့ထဲကို ထပ်ထည့်ဦးမယ်? ။
" မင်းဆန္ဒရှိရင်တော့ ငြင်းနိုင်ပါတယ်။ လက်မခံနိုင်တာ ဖြစ်နေရင်ပေါ့။"
ဒေါသကနေ ရှောင်ပြီး သူ့ကိုယ်သူကယ်ဆယ်ဖို့ Xu Mingက အလျင်စလိုပြောလာတယ်။Zi Youက ခဏတော့ စဉ်းစားခန်းဖွင့်တယ်။
'Idol group? အမ်း....။
ဒါက မျက်နှာစာသစ်ပဲ။'Zi Youတစ်ယောက် အမေးနဲ့ အဖြေ အပြန်အလှန်သွားပြီးတဲ့နောက် အဆုံးမတော့ ရလဒ်ထွကလာတယ်။
' အကောင်းဆုံးကြိုးစားကြည့်တာပေါ့။ မအောင်မြင်ခဲ့ရင်တောင် ငါ အများကြီးဆုံးရံှုးမသွားဘူး။ ကျော်ကြားလာဖို့ရဲ့ အကူအညီတောင် ဖြစ်သွားဦးမယ်။ '
YOU ARE READING
ပြန်ပေးဆပ်ရမယ်