11. Ch 6

11.9K 1.3K 31
                                    

" ကျွန်တော်ဘာလို့ဒီလိုမပြောနိုင်ရမှာလဲ"

" ကျွန်တော့်မှာ ကောင်းတဲ့အချက်တော်တော်များများရှိတယ်။ သီချင်းဆိုနိုင်တယ်။ ကနိုင်တယ်။ မော်ဒယ်လုပ်နိုင်တယ်။ ကျွန်တော်မပြောရသေးတဲ့ အခြားအရာတော်တော်များများကိုလည်းလုပ်နိုင်တယ်။ ကျွန်တော်လုပ်နိုင်တဲ့ဒီအရာတွေနဲ့ဆို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ပြန်တောင် အနုပညာအလားအလာရှိသူတွေကိုစုံစမ်းသူတွေရဲ့ ရွေးချယ်ခြင်းခံရပြီးပြီလို့်
ခင်ဗျား မတွေးမိဘူးလား။"

Jiang Tian ဒီလိုပြောပြီးတာနဲ့ သူ့ရဲ့ခြေတွေကို ချိတ်လိုက်ပြီးရှေ့ကိုမှီထိုင်လိုက်တယ်။သူရဲ့မျက်ဝန်းထဲမှာ ခြိမ်းခြောက်တဲ့ ပုံစံတွေ ချိတ်ဆွဲထားတယ်။ ဘယ်လိုပဲ
လုပ်နေနေပါ တကယ်တမ်း သူ့ရဲ့အတွင်းထဲမှာတော့ ဆန့်ကျင်ဘက်တွေးနေခဲ့တာ။

'ညာလိုက်တဲ့သူဖြစ်လို့ ဒါကအရမ်းကြာတယ်လို့ ငါတွေးနေတယ်။ဘယ်လိုဖြစ်ခဲ့ တာဆိုတာကိုငါမှမသိဘဲ။ငါဆိုလိုတာက ငါက သူဌေးကို လိမ်နေတယ်။ တကယ်လို့ ဒီလိုပြောတာ မှန်ကန်သွားရင်တော့ ငါအံသြရမှာပဲ။ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ်ပါ သူဒါကိုရှာမတွေ့လောက်ပါဘူး။ ဟုတ်တယ်မလား။'

လတ်တလောမှာ သူပြောလိုက်တာကို Xu Mingကတွေးနေတဲ့အတွက် Jiang Tianရဲ့စိတ်ဟာ ရှုပ်ရှုပ်ထွေးထွေးဖြစ်လို့နေတယ်။

Xi Ru ကသာ တကယ်ပါရမီရှိတဲ့သူဆိုရင် ပြီးတော့ ဒီရဲ့ အဓိပ္ပါယ်က Xi Ru သာသူတို့ရဲ့ အင်တာတိန်းမန့်မှာ လက်မှတ်ထိုးဖြစ်သွားမယ်ဆိုရင် တစ်ကြိမ်တည်းနဲ့ ရာသက်ပန် အခွင့်အလမ်းတစ်ခုကို သူတို့နောက်ထပ်ရနိုင်တယ်။ Xu Ming သတိမထားမိတာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုတော့ သူရဲ့ မျက်နှာက လေးနက်တည်ကြည်လာကာ မျက်ဝန်းတွေကလည်း အရောင်လက်လာတယ်။

" ဒါဆို ကျေးဇူးပြုပြီး ဒီစာရွက်မှာ လက်မှတ်ထိုးပါ။ အခြားသရုပ်ဆောင်တွေရဲ့ ရပိုင်ခွင့်တွေနဲ့ တော်တော်များများကွဲလွဲကောင်းကွဲလွဲပါလိမ့်မယ်။ ဒါပေမဲ့ မပူပါနဲ့ ။ဒီမှာလက်မှတ်ထိုးလိုက်တာနဲ့ ချက်ချင်း ဒုတိယဇာတ်ဆောင်တစ်ယောက်ဖြစ်လာမှာပါ။ (TN. ဒုတိယခေါင်းဆောင်မင်းသားပေါ့ အဲလို) မကြာခင်ပြသမဲ့ ငါတို့အင်တာတိန်းမန့်ရဲ့ ဒရာမာမှာ ပါဝင်ရအောင်လည်း ငါအစွမ်းကုန်ကြိုးစားပေးမှာပါ။ "
Xu Mingက လေးလေးနက်နက် ပြောအပြီး စာရွက်နဲ့ ဘောပင်ကို ချပေးပါတယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now