55. Ch 43 ||end||

9.1K 562 13
                                    

Unicode

Zi You ဆေးရုံ၏ မျက်နှာကြက်ကို
တန်း၍မြင်ရသည်။ သူပြန်လာပြီ ဖြစ်၏။

သူ၏ အကြည့်ကို တရွေ့ရွေ့ရွှေ့လိုက်လျှင် သူ့ဘေးတွင်အိပ်ပျော်နေသည် Lui Yun ကိုမြင်လိုက်ရသည်။
သူ့ဘေးက အမျိုးသားသည် မျက်ကွင်းများလည်းညိုနေပြီး ဆံပင်များကလည်း ကြက်တောင်ပျံဖြစ်လို့နေ၏။ သူ သတိမေ့နေစဥ်အတွင်းမှာ ညစ်ပတ်လာပါကလား။

Lui Yun ၏ ခေါင်းလေးကို ထိကိုင်ရန်လက်လှမ်းလာသောအခါ Lui Yun ကရုတ်တရက် နိုးလာသည်။

" နောက်ဆုံးတော့ မင်းနိုးလာပြီ!!"
Lui Yun ကအော်သည်။ Zi You ကို တင်းတင်းဖက်၏။ သူ၏မျက်ဝန်းတစ်စုံက အိပ်ပျက်ခြင်းများစွာဖြင့် နီရဲတွတ်နေသည်။

သူတစ်ချိန်လုံး သည်လှပသည့်ပုံရိပ်ကလေးကို ကြည့်ရင်းအချိန်ကုန်နေခဲ့တာဖြစ်သည်။ သူ့(Zi You)မျက်ဝန်းများက ထာဝရအိပ်မောကျနေသည့်နှယ် စေ့ပိတ်လို့နေ၏။ တစ်ချိန်လုံး သူ(Zi You)သတိပြန်လည်လာစေရန် ကြိုးစားပြီး စကားတွေပြောနေခဲ့သည်မှာ ဘာတွေမှန်း မမှတ်မိနိုင်အောင်ပင်။ လေးလ...သူစောင့်ခဲ့ရသည့် ကာလရှည်။

Zi You ၏ မျက်လုံးများ ပိတ်ကျသွားခဲ့စဥ်က မိမိ၏တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးခဲ့ရပြီဟု Lui Yun ခံစားခဲ့ရသည်။ Zi You ထွက်သွားပြီဆိုသည့်အသိနှင့် သူ့မှာ အသိစိတ်လွတ်ကာ ကျောက်ရုပ်ပမာဖြစ်သွားရသည်။ သူ့ကိုယ်ကယ်တင်ဖို့ Zi You သေနတ်မှန်ခဲ့ရသည်မို့ ပို၍ဆိုးဝါးလှပါတော့၏။

အားလုံး သူ့အမှားပင်။ သူသာ အကြီးဆုံးသော သေနတ်ကုပ္မဏီ၏ ပိုင်ရှင်၊ ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ကြောင်းကို ဖွင့်ပြောဖူးပါလျှင်...ယနေ့ ဤလိုအဖြစ်မျိုး ကြံချင်မှကြုံရလိမ့်မည်။

သူတို့ Zi You ကိုကယ်တင်ရန်ဖြစ်နိုင်သေးသည်ဟု ကြားရချိန်တွင် ပူဆွေးသောကဝေနေသည့် သူ့နှလုံးသားမှာ ခုန်ပေါက်လာရသည်။ သို့သော် သေနတ်မှန်သည့်နေရာက နှလုံးနှင့်အင်မတန်နီးသောကြောင့် သူ ဘယ်တော့ နိုးမလာသည်လည်း ဖြစ်နိုင်သည်ဟု သူတို့ပြောလာချိန်တွင် သူ့(Lui Yun)နှလုံးသားမှာ တဖန် အမောဆို့သွားရ၏။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now