20. Ch 12.1

8.4K 1.1K 51
                                    

Uni

ဇာတ်လမ်းကအေးနေလား မသိ။
နာမည်ကြီး ဝတ္ထု တွေလို နာမည်ကြီး သာသာတွေလို စွဲဆောင်မှု မရှိဘူး ဟုတ်။ 😫

Public ထားတဲ့ တခြား fic တွေကိုရော အားပေးမှာလား။ 😞

________________________________

တံခါးကို ဖွင့်ဖို့ တစ်လှမ်းချင်းလျှောက်လာတဲ့ ခြေသံကို မကြားမချင်း သူတို့စောင့်နေရတာ ဘယ်လောက်ကြာပြီလဲဆိုတာတောင် မသိနိုင်တော့ဘူး။

Zi Youဟာ သူရဲ့အခန်းဖော်အသစ်တွေနဲ့ ဆုံဖို့ အိမ်ရဲ့တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။ သူတံခါးကိုလည်းဖွင့်လိုက်ရော ပင့်သက်ရှူသံအချို့ကို ကြားလိုက်ရတယ်။

ပွင့်လာတဲ့တံခါးက လက်ထဲမှာ တဘတ်တစ်ခုကိုင်ထားတဲ့ ချောမောတဲ့ ယောကျ်ားတစ်ယောက်ကို ပြသလာတယ်။ သူ့ရဲ့ခေါင်းကို တဘတ်နဲ့သုတ်နေတာဖြစ်ပြီး ကြည့်ရတာ မကြာခင်ကမှ ရေချိုးလို့ပြီးစ ဖြစ်ပုံရတယ်။

သူက ဂျင်းတစ်စုံကိုသာ ဝတ်ဆင်ထားပြီး ရင်ဘတ်နေရာမှာ လှစ်ဟထားတယ်။ အဲဒါက လူတွေကို သူ့ရဲ့ ကိုယ်ပေါ်မှာပြေးနေတဲ့ ဖြူလဲ့တဲ့ အသားအရေကို မျက်ဝါးထင်ထင်မြင်ရစေတယ်။ တွဲခိုနေတဲ့ ရေစက်ရေပေါက်တွေကြောင့် သူ့ရဲ့ဝမ်းဗိုက်ကြွက်သားတွေဟာ တမျိုးတဖုံခမ်းနားလို့နေတယ်။ယခု ဒီပြကွက်က အစစ်အမှန် စွဲမက်ဖွယ်ကောင်းလှပြီး Zi You ဘယ်လောက် sexy ကျသလဲဆိုတာကိုပါ တွေ့ကြရတယ်။
(TN.~~~ဂလု~~~)

" အိုး..hi
ကိုယ့်လူတို့။ ရောက်မယ်လို့ ငါထင်ထားတဲ့ အချိန်ထက်စောပြီး ဒီကိုရောက်လာကြတာပဲ။ လာ ဝင်လာ။"

Zi Youက အဲလိုပြောပြီး သူတို့ကို အခန်းတွင်း ဝင်လာနိုင်အောင် သူ့ရဲ့ခန္ဓာကိုယ်ကို ဘေးသို့ဖယ်ပေးတယ်။ ခုနက သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကို ခေတ္တရပ်တဲ့ခလုတ်နှိပ်လိုက်ပြီး သူတို့လည်း အထုပ်တွေနဲ့အတူ အိမ်ထဲကို ဖြည်းဖြည်းဝင်လာကြပြီး သူတို့ရောက်နေတဲ့ အခန်းရဲ့ ပုံပန်းကို ကြည့်ရှုလိုက်ကြတယ်။

သူတို့ ယခုရောက်ရှိနေတဲ့ အခန်းက ကြီးမားပြီးတော့ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းအပြည့်ပဲဖြစ်တယ်။ အပေါ်အထပ်မယ် ရှိတဲ့ အခန်းပေါင်းများစွာနဲ့ ဆက်သွယ်ထားတဲ့ လှေကားတွေကိုလည်း သူတို့တွေ့ရတယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now