53. Ch 41

3.1K 407 8
                                    

Unicode

Jiang Tian ကွယ်လွန်သည့်ဗီဒီယိုကို သူတို့​ကြည့် ရသောအခါ လူတိုင်းပင့်သက်ရှိုက်မိကြသည်။ ပိုဆိုးတာက သူတို့ သူ၏ ရည်းစား Wei Yu ကိုပါမြင်လိုက်ရခြင်း။ အားလုံးက မျက်လုံးကိုပြူးပြီး အားစိုက်ကြည့်သည်။ နားကိုစွင့်ပြီး သူတို့ပြောတာကိုနားထောင်၏။

"ဟေး..ဘာလို့လဲ?"

Jiang Tian က Wei Yu  ကိုဖမ်းကိုင်ရင်း
မေးနေသည်။

Wei Yu ကို တိုးတိုးပြောရန်ကြိုးစားနေသည့် Jiang Tian ၏အသံရှဲရှဲကို ကြားရ၏။

ထို့နောက် ပင့်သက်ချသံတိုးတိုးကိုကြားရပြီးလျှင် ဘာမှန်းမသိရ သည့်အရည်အချို့ပါဝင်သော ဆေးထိုးအပ်တစ်ချောင်းကို သူတို့မြင်လိုက်ရသည်။ Wei Yu က ထိုအပ်ကို Jiang Tian ၏ နောက်ကျောသို့ ထိုးသွင်းလိုက်သည်ကိုလည်း သူတို့မြင်ပါသေးသည်။

"အို့ အိုး ငါ့သားလေး..မင်းကို
ငါ့လက်ခုပ်ရောက်လာအောင် လှည့်စားရတာ အရမ်းလွယ်တာပဲ...မင်းသိလား...ငါလေ မင်းကို မြင်မြင်ချင်းကတည်းက ဒီလိုလုပ်ချင်ခဲ့တာ။ ဟမ့်...မင်းလိုလူစားကလေ ကြီးကျယ်တဲ့ ပရိသတ်အားပေးမှုကို ရဖို့ မထိုက်တန်ဘူး။ မင်းလိုလူက တစ်နှစ်တာအကောင်းဆုံးသရုပ်ဆောင်ဆုကို ငါးကြိမ်ဆက်တိုက်ရဖို့ မထိုက်တန်ဘူးကွ"

သူက ပြောလက်စစကားကို ရပ်၍ လူယုတ်မာလို ရယ်လိုက်သေးသည်။

" ငါသိချင်တယ်...လူတွေ ရတနာအစစ်ကို မမြင်နိုင်အောင် ကန်းနေကြသလားလို့...ဘာကြောင့်လဲဆိုတော့ သူတို့မြင်တဲ့ မင်းက ရတနာလုံးဝမဟုတ်တာကြောင့်လေ" ဟု ဆက်ပြောလေသည်။

"Wei Yu... မင်း ဘာလုပ်တာလဲ?"

Jiang Tian အော်လိုက်သည်။သူ၏ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့။

"မင်း မမြင်ဘူးလား ငါနဲ့ Ming Xue ရဲ့ဘဝကို ဖျက်ဆီးမယ့် အင်းဆတ်ကောင်ကို ဖယ်ရှားဖို့ ငါကြိုးစားနေတာကို...ငါသာ မင်းကို ဖယ်ရှားဖို့အောင်မြင်ခဲ့ရင် Ming Xueရဲ့ လမ်းကလည်းချောမွေ့သွားမှာပဲ...အိုး..ပြောဖို့မေ့တော့မလို့...  မင်းကိုလေ ငါ ဘယ်တုန်းကမှ မချစ်ခဲ့ဘူး...ဘယ်တော့မှလည်းချစ်လာမှာမဟုတ်ဘူး...ဘယ်တော့မှလည်း ငါရဲ့နှလုံးသားကိုပေးမှာ မဟုတ်ဘူး...ဘယ်တော့မှပဲ။ အကုန်လုံးကို ငါရဲ့ အချစ်ဆုံးအတွက်သိမ်းထားတာ..Ming Xue လေ"

ပြန်ပေးဆပ်ရမယ်Where stories live. Discover now