8. Ch 4.1

13.3K 1.4K 19
                                    


အပေါ်မှာ
အတိုလေးတင်ပြီး
စမိလို့ ပြန်ချော့တာ 😉

___________________________

' ငါနော် ငါနော် ငါနော် ။ ဒါကို လက်ခံနိုင်ဖို့ တော်တော့်ကြိုးစားလိုက်ရတယ်။ ဘယ်လိုဖြစ်လို့ ငါ့ကို ဗုံးအတွဲလိုက် ထုနေရတာလဲ။ တစ်ကြိမ်တည်းမှာ လူအများကြီးနဲ့လာတွေ့ရတယ်။ ပြီးတော့အများစုက ငါမကြိုက်တဲ့သူတွေ။ ငါ ဘုရားတလိုက်ရင် မင်းတို့ငါ့ကို ဝိုင်းရယ်ကြမှာပဲ '

Jiang Tian တတ်နိုင်သလောက် တိတ်တိတ်ဆိတ်ဆိတ်လေး ပင့်သက်ချလိုက်တယ်။ တစ်ယောက်ယောက်သူ့ကို သတိပြုမိသွားမှာလည်း စိုးတယ်။

' သူတို့ မြန်မြန်ပဲ အတူနေလိုက်ကြတာ သေချာတယ်။ ငါ့သေဆုံးမှုအတွက် နည်းနည်လေး ပူဆွေးပေးဖို့တောင်မကြိုးစားကြဘူးလား ? အကြင်နာကင်းမဲ့တဲ့ လူဆိုးကောင်တွေ။ ငါသာ ဒီအချိန် အုတ်ဂူထဲကိုရောက်နေရင် ဒီကောင်တွေကို ရိုက်နှက်ဖို့ ငါ့အုတ်ဂူကို ငါကန်ဖွင့်ပြီး ထွက်လာမှာပဲ။'

သူ့စိတ်ထဲမှာ ဆဲဆိုသံတွေထွက်လာပြီး အခြားသူတွေဘာအကြောင်းပြောနေတယ်ဆိုတာကို မေ့ကာ အာရုံက ဆက်သွယ်မှုဧရိယာပြင်ပကို ခဏရောက်သွားတယ်။

" Xi Ru.... Xi Ru ''

ကျယ်လောင်တဲ့အသံသူ့ခေါင်းထဲရောက်လာမှ သူ့ကိုကြည့်နေတဲ့ Wei Yuကို ခေါင်းမော့ကြည့်လိုက်တယ်။

" ကျွန်တော်တောင်းပန်ပါတယ်ဗျ။
ကျွန်တော့်စိတ် ခေတ္တလွတ်သွားလို့ပါ" လို့ ပြောပြီး Ming Xue ကို တောင်းပန်သလိုကြည့်လိုက်တယ်။

Ming Xue က ချောမောတဲ့သူတစ်ယောက်ပဲ။ သူ့ရဲ့မျက်နှာပေါက်ကသူ့ကို ချောမောပြီး တပ်မက်ချင်စရာကောင်းအောင်လုပ်နိုင်တယ်။ သူက အရပ်ရှည်တဲ့သူပဲ။ 191cm လောက်ရှိတယ်။ Wei Yu နဲ့ယှဉ်ကြည့်ရင် 182 cm ပဲရှိတဲ့ Wei Yuက လှပတဲ့ရုပ်ရည်မျိုးဘက်ကို ပိုရောက်ပြီး Ming Xue ကတော့ ညှို့ယူဖမ်းစားနိုင်တဲ့ရုပ်ရည်မျိုးဘက်ကို ပိုရောက်တယ်။

Ming Xueက 26 နှစ်ဖြစ်ပြီး Wei Yuကတော့ 23 နှစ်ရှိပြီ။

" hi ကျွန်တော့်နာမည်က Xi Ruပါ "
Jiang Tian က Ming Xue ကို ပြောလိုက်တယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now