19. Ch 11.2

8.5K 1.1K 50
                                    

Uni

11.2

၃ နာရီလောက် ဖတ်လိုက် ရိုက်လိုက်နဲ့
ပြီးသွားလို့ တင်တော့မယ် ဆိုပြီး copy, paste လုပ်တော့မှ မှားနှိပ်မိပြီး ပျက်သွားလို့ နောက်ထပ်၂ နာရီ ပြန်ရိုက်လိုက်ရတယ်။
😭😭😭😭😭😭😭😭😭
ရမ်း စိတ်ပျက်တာဖဲ
ဒေါသထွက်တယ် အဟုတ်။

_______________________________

Zi Youဟာ သူရဲ့တိုက်ခန်းဟောင်းက ပစ္စည်းပစ္စယတွေကို သူ့ရဲ့အိမ်အသစ်ဆီရွှေ့ဖို့ လူတချို့ကိုဖုန်းဆက်ခေါ်လိုက်တယ်။ ပစ္စည်းတွေလည်းရောက်လာရော အားလုံးကို စပြီးနေရာချထားရပြီ။ သူလည်း လုပ်လို့ကိုင်လို့ပြီးသွားရော မိုးတောင်ချုပ်နေပြီ။ ရုတ်တရတ် သူ့ရဲ့ဖုန်းက ထပြီးမြည်လာတယ်။ သူလည်းဖုန်းထုတ်ကိုင်လိုက်ပြီး ဖြေတယ်။

" ဘာများလဲ Xu Ming "
သူ အင်တာတိန်းမန့်ကနေ ထွက်မလာခင်တည်းက သူနဲ့ Xu Ming ဖုန်းနံပါတ်ချင်းလဲထားခဲ့ကြတာ။

" ဟိုင်း Zi You ။ မင်းကို အနှောက်အယှက်မပေးလိုပေမဲ့ အင်တာတိန်းမန့်ကို ပြန်လာနိုင်မလား။ ငါ့မှာ မင်းနဲ့ မဆွေးနွေးလိုက်ရတဲ့ အချက်တချို့ ထပ်ရှိလာတယ်။ "

" ရား....

ကျွန်တော် အဲဒီကို ဆယ်မိနစ်အတွင်း ရောက်လာမယ်။ "

Zi Youက ဘုဆတ်ဆတ်ပြန်ပြောတယ်။

သူရဲ့အိမ်တံခါးကိုပိတ်ပြီး ကားထဲမဝင်ခင် Zi Youဟာ အဝတ်အစားလေးအပြေးအလွှားလဲလာခဲ့သေးတယ်။

(TN. အချေ့တို့ရေ ယူတို့်လိုပဲ မလားပြော 😌)

နောက်ဆုံး သူအင်တာတိန်းမန့်ကို ရောက်လာတဲ့အခါ Xu Mingရဲ့ ရုံးခန်းဆီကိုပဲ ဦးတည်လျှောက်လာလိုက်တော့တယ်။ ဒီတစ်ခေါက်တော့ အကူအညီမလိုတော့ပါဘူး။ သူ့အနေနဲ့ ဒီရဲ့လမ်းတွေကို သူ့ရဲ့မှတ်ဉာဏ်ထဲမှာ သိမ်းထားပြီးနေပြီလေ။

သူ ရုံးခန်းထဲကို တံခါးဖွင့်ဝင်လာတော့....
Lu Yin
၊ Wen Wei ၊ Cheng Wu နဲ့ Meng Shu တို့လည်း နောက်တစ်ကြိမ််ထပ်ပြီး
ဒီနေရာမှာ စုဝေးနေတာကိုတွေ့ရတယ်။
သူတို့ကိုလည်း တစ်ခါပြန်ဆုံရရော Zi Youရဲ့ မျက်ခုံးတွေလည်း အနည်းငယ်ပင့်တက်သွားမိတယ်။ သူက Xu Mingဆီကို တည့်တည့်ပဲလျှောက်သွားလိုက်ပြီး အန္တာရာယ်အချက်ပေးအပြုံးမျိုး ပြုံးပြလိုက်တယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now