Uni
Zi You လည်း ဗန်ကားထဲကို ရောက်မှသာ ကျဉ်းထဲကျပ်ထဲမှ လွတ်မြောက်သွားပြီး အသက်ဝဝရှူနိုင်ပါတော့တယ်။
မျက်ဝန်းသုံးစုံရဲ့ အလယ်မှာ အချိန်နဲ့အမျှ သူ့ခမြာ ကူကယ်ရာမဲ့မဲ့လာခဲ့တာ။ အဟုတ်ပဲ မျက်ဝန်းသုံးစုံတောင်ဟာ...တစ်စုံတည်းတောင်မဟုတ်။
ဒီမျက်လုံးတွေက သူ့ကိုယ်ပေါ်က အဝတ်အစားတွေကို တစ်လွှာချင်းခွာချနေသလို ခံစားခဲ့ရပြီး ... ကုန်ကုန်ပြောရရင် သူ့ကိုယ်ချည်းတုံးလုံးကို စိုက်ကြည့်ခံရသလိုအထိ ဖြစ်စေတယ်။
သူ့ရဲ့ အိမ်ကို ပြန်လာတော့မှပဲ ရင်ထဲကအလုံးကြီးကျသွားသလို ရွှင်ပျသွားရတော့တယ်။ အိုး....ငါလေး အိမ်လွမ်းချက်တော့။ ထို့နောက် ဖာသာ ရယ်မောလိုက်ပြီး ဘယ်သူ့အကြောင်းကိုမှ ဂရုမစိုက်တော့ဘဲ ချက်ချင်း အခန်းဆီ သွားလိုက်တော့တယ်။
အထဲရောက်တာနဲ့ အိပ်ယာထဲခုန်ဝင်လိုက်ပြီး ကြားလေမသွေးအောင် တိုးဝှေ့ဝင်လိုက်တယ်။ ပြီးကာမှာ သူ့ကိုယ် မသန့်ရှင်းရသေးတာကို သတိရလို့သွားတယ်။ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး ရေမိုးချိုးလိုက်တယ်။ ပြီးစီးသွားတဲ့အခါ သူ ဖုန်းကိုစစ်လိုက်တော့ noti အချို့ရောက်နေတာ တွေ့ရပာတယ်။
ဘာတွေလဲ ကြည့်လိုက်တော့ အဲဒါက Lui Yun နဲ့ Min Yue တို့က သူ့ကို fri request ပို့ထားတာ။ မဆိုင်းမတွ yes ကိုနှိပ်ပြီးနောက် ဖုန်းကိုပြန်ထားလိုက်တယ်။
သူ့ပါးစပ်ကိုပိတ် သန်းဝေကာ တံခါးနဲ့ မီးတွေကို ပိတ်လိုက် တယ်။
အိပ်ယာဝင်ပြီး သူ့ရဲ့ သိစိတ်တွေ ပျောက်သွားဖို့ဟာ ဆယ်စက္ကန့်တာင် မကြာလိုက်ပါဘူး။
_______
အိပ်မောကျနေတုန်းမှာပဲ Zi You အိပ်မက်ထဲမှာ သူ့ကို ခေါ်သံတစ်ခု ကြားနေရတယ်။ ထို့နောက် အိပ်ပျော်နေရာကနေ အတင်းအနိုးခံလိုက်ရတယ်။ သူ့ရဲ့ မျက်ဝန်းတွေကို ဖွင့်ဖို့ကြိုးစားပေမဲ့ ကနဦး ဆယ့်ငါးစက္ကန့်လောက်အတွင်းမှာ ဘာကိုမှ သဲသဲကွဲကွဲမရှိဘူး။ သူ့မျက်လုံးတွေကြည်လင်သွားသွားချင်း မြင်လိုက်ရတာက Meng Shu..
YOU ARE READING
ပြန်ပေးဆပ်ရမယ်