Uni
Lui Yun က အကြောင်းပြချက်ကို မပြောခင် အချိန်ပိုင်းလောက် မျက်နှာ တွန့်သွားပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့ သူ့ရှေ့က ကောင်လေးက အတော်ကို လူရေလည်လို့ပါ။
"ကိုက မင်းအကြောင်းကို ပိုသိချင်မိရုံပါ" ဟုပြောလိုက်သည်။
သို့သော် တကယ့်အမှန်တရားကား ရှိရင်းစွဲထက် ပိုပါသည်။
သူက Zi You ကြိုက်နှစ်သက်သမျှ၊မနှစ်သက်သမျှ အရာရာကို သိချင်မိတယ်။ ဒါပေမဲ့ ဘောဒီဂတ်တွေ(သို့)စပိုင်တွေဟာ တစ်စုံတစ်ယောက်ရဲ့ အိမ်ထဲကို ချိုးဖျက်ရှာဖွေဖို့ မလွယ်လောက်ဘူး။ ဘာကြောင့်ဆို Zi You က ဒီလိုလူစားတွေအတွက် ထောင်ချောက်တွေ အကွက်ချစီမံထားတာကြောင့်ဖြစ်တယ်။ သူက Zi You အကြောင်းကို ဒီထက်ပိုပြီး သိချင်တယ်။ ဒါပေမဲ့ အခုကျ သူ့ကို Zi You က အမှန်တရားပေါ်ထွက်လာဖို့ အစ်တာ ခံနေရပါတယ်။
"ဒါပဲလား...?"
Zi You က မေးတယ်။ ဒါ့အပြင် Lui Yun ရဲ့မျက်လုံးထဲကိုလည်း အဖြေလှမ်းရှာတယ်။ သူက Lui Yun ရဲ့ မျက်ဝန်းတွေ ပုံမှန်အခြေအနေကို ပြန်မရောက်ခင် အတန်ငယ် မူမမှန်ဖြစ်သွားတာ မြင်လိုက်ပါတယ်။Lui Yun က သူ့အသံက သူ့ကို ပြန်သစ္စာဖောက်မှာ ကြောက်တဲ့စိတ်နဲ့ခေါင်းကိုသာ တွင်တွင််ငြိမ့်ပြပါတယ်။
Zi You ရယ်ချင်သွားရပြီး....ထိုအမျိုးသားက အမှန်အကန်ကို ချစ်ဖို့ကောင်းတာလည်း သတိပြုမိလိုက်မိတယ်။ အမြဲတမ်းအေးအေးစက်စက် စကားပြောတတ်တဲ့ သူ့ရှေ့က ပုဂ္ဂိုလ်က ဤကဲ့သို့ ကလေးအထာတွေ ပြုမူလိမ့်မယ်လို့ Zi You ဘယ်အခါကမှ မျှော်လင့်မထားခဲ့မိဖူးဘူး။
ဒင်နာကို ကောင်းကောင်းစား၊ တစ်ယောက်အကြောင်း တစ်ယောက်ပြောပြီးနောက်မှာ Lui Yun က Zi You ကို အိမ်ပြန်ပို့ပါတယ်။
Zi You က Lui Yun နဲ့ အချိန်တွေကုန်ဆုံးရတာ အမှန်ပျော်မိပါတယ်။ ဘာကြောင့်ဆိုတာမသိဘဲကို Lui Yun ဘေးမှာရှိတာနဲ့ သူက စိတ်ချမ်းမြေ့ရတာပါ။ သူ့ရဲ့နှလုံးသားကနေ ပျောက်ဆုံးသွားတဲ့ အပိုင်းအစလေးတစ်ခုကို ရှာတွေ့လိုက်သလိုပါပဲ။ ကားထဲမှာထိုင်ရင်းလည်း Lui Yun ရှိရာပဲ ခိုးကြည့်နေခဲ့သူပါ။
STAI LEGGENDO
ပြန်ပေးဆပ်ရမယ်