တံခါးတော်တော်များများကိုဖြတ်လျှောက်လာရတဲ့အတွက် သူ့ကိုလိုက်ကြည့်နေတဲ့ မျက်လုံးတော်တော်များများကိုလည်း ကြုံရပြန်တယ်။အားလုံးကို မသိကျိုးကျွံပြုပြီးတော့ဘဲ ကောင်တာရှိရာကိုလျှောက်သွားပါတယ်။
"ဟေး... ကျွန်တော်က Wu Xi Ru ပါ ။ ဒီနေ့တင်ခဲ့တဲ့ လျှောက်လွှာရှင်ပါဗျ"
သူက ကောင်တာမှာထိုင်နေတဲ့အစောင့်မိန်းကလေးကို ပြောလိုက်တာပာ။ အသံကနိမ့်ပြီးခပ်အက်အက် ဖြစ်လို့နေတယ်။
အ့ဲအခါမှာ ကောင်တာကမိန်းကလေးရဲ့မျက်နှာက ဖျတ်ခနဲ ရဲတက်သွားပြီး သူနဲ့ မျက်လုံးချင်းဆုံနေတဲ့အခိုက်မှာ ဘာစကားလုံးမှထွက်မကျနိုင်ဘူး ဖြစ်နေပါတယ်။
" ဟုတ်..ဟုတ်ကဲ့ရှင့်.. ကျေး..ကျေးဇူးပြုပြီး ဒီအတိုင်းတန်းတန်းဆက်သွားလိုက်ပါနော် ပြီးရင်ဘယ်ဘက်ကိုချိုးလိုက်ပါ ဒါဆို အခန်းကရှေ့တည့်တည့်မှာပါပဲ "လို့ ထစ်အ ထစ်အနဲ့ပြောပြီး အဝေးကိုမျက်နှာလွှဲဖို့ ကြိုးစားရှာတယ်။
Longyue အင်တာတိန်းမန့်ကို group သုံးခုခွဲထားလေတယ်။ မင်းသားမင်းသမီးများ၊ အဆိုတော်များ၊ မော်ဒယ်များဆိုပြီး။
ကောင်တာစောင့်မိန်းကလေးလမ်းညွှန်တဲ့ဘက်ကို မသွားရသေးခင်
" ကျေးဇူးတင်ပါတယ်"
လို့ ပြန်ပြောခဲ့ပြီးမှ ဆက်လျှောက်ခဲ့တယ်။ အခန်းရှေ့ကို ရောက်ဖို့သိပ်မကြာလိုက်ဘူး။
ဒီအချိန်မှာတော့ သူနဲ့စကားပြောခဲ့တဲ့ မိန်းကလေးမှာ နှာခေါင်းသွေးတွေဒလဟောလျှံလို့သွားတယ်။ဒီအတွက် သူ(မ)ရဲ့ လုပ်ဖော်ကိုင်ဖက်များမှာ shock ရသွားပြီး သူ(မ)အတွက်လက်ကိုင်ပဝါကိုအပြေးအလွှားယူလာပေးကြပါတယ်။ဒီလိုဖြစ်ရတာ
ဘယ်လိုဘယ်အကြောင်း ကြောင့်ဆိုတာကို သူ(မ)ကို တိုးတိုးကြိတ်ကြိတ်ဝိုင်းမေးကြတဲ့အခါမှာတော့ သူမကပြောလိုက်တယ်။" ငါ ငါရဲ့ စိတ်ကူးထဲက မင်းသားလေးကို တွေ့ပြီ " ဆိုပြီး။
_____________________
လမ်းအဆုံးကိုရောက်တဲ့အခါမှာတော့ Jiang Tian တံခါးကိုဖွင့် ဝင်သွားတယ်။အခန်းထဲမှာ နောက်ထပ်လူဆယ်ယောက်လောက် ရောက်နေကြပြီဆိုတာပါ မြင်ရသည်။သူတို့တစ်ယောက်ချင်းစီဟာ ရုပ်ရည်အရပြောစရာမလိုအောင် ပြည့်စုံကြတယ်။ဒါပေမဲ့ သူတို့ထဲကအများစုရဲ့ မျက်ဝန်းတွေထဲမှာတော့ မာနတွေအတောင့်လိုက်ပဲ။
YOU ARE READING
ပြန်ပေးဆပ်ရမယ်