13. Ch 8

10.2K 1.2K 22
                                    


Zi You is old man 'Jiang Tian'.

______________________________

တံခါးကို ဖွင့်ဖွင့်ချင်း Zi You ပထမဆုံးဆုံရတာက မျက်နှာနှစ်ခုပဲ။ နှစ်ယောက်လုံးက သူတို့နည်းသူတို့ဟန်နဲ့ ချောမောသူတွေဖြစ်တယ်။ ဒါပေမဲ့လည်း သူ့ရဲ့ခေါငး်ထဲမှာ မေးခွန်းတွေပေါ်လာတယ်။
' ဒီနှစ်ယောက်က ဘယ်သူတွေလဲ။သူတို့် အခုဘာလို့ ဒီအခန်းရှေ့မှာ ရောက်နေတာလဲ'

Zi You က အိမ်ပြန်ဖို့ကိုပဲလောနေလို့ အဖြေကထွက်မလာဘူး။ သူတို့်နှစ်ယောက်ကိုမြန်မြန် ဖြတ်ကျော်ပြီး ထားခဲ့ပေမဲ့ သူတို့်ကို နှုတ်ဆက်သလို အပြုံးမျိုးပြုံးထားတယ်။ ပြီးတော့မှ အဆောက်အဦးရဲ့ ထွက်ပေါက်နားကို လှျှောက်ထွက်သွားတယ်။

Min Yue က shock ရသွားတယ်။

အသားအရေက နူးညံ့တောက်ပတယ်။ ရွှေအိုရောင်မျက်ဝန်းတွေ။ ထူထဲတဲ့ နှုတ်ခမ်းရဲရဲ။ မျက်ခုံးတွေကလည်း တစ်စုံတစ်ယောက်ကို စိမ်းစိမ်းကြည့်နေသကဲ့သို့ ထင်ရတယ်။ သွယ်လျတဲ့ပါးရိုးတွေ။
ပြုံးလိုက်တဲ့အခါမှာ သူ့ရဲ့ပါးချိုင့်လေးကို ဖော်ပြတယ်။ သူက လှလည်းလှ ချောလည်းချောတယ်။

သဲကန္တာရ အတွင်းမှာ ရေခဲတောင်ကြီး ထွက်လာသလို သူက ထင်ရှားပေါ်လွင်တယ်။ သူရဲ့ ရုပ်ရည်နဲ့လိုက်ဖက်စွာပဲ မိန်းမောကြည်နူးဖွယ် လှပတဲ့ အသံလည်းရှိတယ်။ သူ့ကို ပြုံးပြပြီး ထွက်ပေါက်ဆီလျှောက်သွားတဲ့လူကို သူစောင့်ကြည့်နေခဲ့တယ်။

သူ့ရဲ့ခေါင်းထဲမှာ အတွေးပေါင်းသောင်းခြောက်ထောင်ပြေးလွှားနေပြီး သူ့ရဲ့လက်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိတယ်။ သူ့ရဲ့
နှလုံးသားလေးလည်း တဖြည်းဖြည်းခုန်လာပြီး မြန်သထက်မြန်လာတယ်။

စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့စကားသည် သူ့ခေါင်းထဲက အတွေးပဲဖြစ်တယ်။ ထို့နောက် ပိတ်ထားတဲ့ တံခါးကိုဖွင့်ပြီး ဝင်လိုက်တယ်။

သူဝင်သွားတဲ့အခါမှာ ဝမ်းကွဲအကိုရဲ့ မျက်ဝန်းတွေနဲ့ဆုံတယ်။

" အာ...Min Yue  နောက်ဆုံးတော့ ဒီရောက်ပြီ။ အမေရိကရဲ့ ခရီးစဉ်က ဘယ်လိုလဲ" Xu Ming က သူ့ညီလေးကို စိတ်လှုပ်ရှား အံ့အားသင့်စွာပြောတယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now