မကြာပာဘူး။ ရယ်မောလိုခြင်းကို
အောင့်အည်းမထားနိုင်တော့လို့ သူစတင်ရယ်မောတော့တယ်။သို့ပေမဲ့ ဒါလည်းမကြာဘူး။ သူရယ်မောပြီးတာနဲ့ သူ့ရဲ့မျက်လုံးတွေက ခက်ထန်သွားတယ်။ သူ့ရဲ့ ဈာပနအကြောင်းနဲ့ပတ်သတ်လို့ ဘာသတင်းမှမတွေ့ရဘူး။ သူလစဉ်ထောက်ပံ့နေတဲ့ ငွေကြေးတွေမပါဘဲနဲ့ ရှင်သန်ရမယ်ဆိုရင် သူ့ရဲ့မိသားစုတွေ ဘာလုပ်နေမလဲဆိုတာ ကို အံ့သြမိတယ်။အခုဆို သူရဲ့ညီမလေးက အသက်၁၉နှစ်။ ကောလိပ်တက်နေတယ်။ ၂၇နှစ်ရှိပြီဖြစ်တဲ့အကိုက ဆေးရုံမှာပဲ။သူ့ရဲ့ မိခင်နဲ့ ဖခင်ဟာဆိုရင်လည်း အိုလွန်းမက အိုနေပြီ။ သက်ပြင်းကိုသာချလိုက်မိတယ်။ Wei Yu နဲ့ Ming Xue ကို သူ ဒေါသထွက်လို့နေတုန်းပဲ။
အရာအားလုံးကို ဘေးကိုတွန်းဖယ်လိုက်ပြီး သူထရပ်လိုက်တယ်။ အခုတော့ အချိန်ကြာကြာလေး အိပ်စက်အနားယူဖို့ အဆင်သင့်ဖြစ်နေပြီ။မီးတွေကို ပိတ်လိုက်ပြီး အိပ်ယာဆီသို့ သူ ဦးတည်လိုက်တယ်။ အိပ်ယာဘေးကမီးကိုပါ ပိတ်ပြီး အိပ်ယာထဲမှာ နေရာယူလိုက်တယ်။ ပတ်ပတ်လည်ကို ရှေ့တိုးနောက်ဆုတ် လုပ်ပြီးတဲ့အခါမှာတော့ သက်သောင့်သက်သာအနေအထားကို ရရှိလို့သွားတယ်။ သူ့ မျက်ဝန်းတွေကို ပိတ်လို့ အိပ်မက်ကမ်ဘာထဲကို အလည်အပတ်သွားဖို့ ပြင်ဆင်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေ အားလုံးကို အတွေးလေးတစ်ချက်က ဖျက်စီးလို့သွားလေတယ်။ တစ်ချိန်လုံး အိမ်ဝယ်ဖို့ကို လုံးပမ်းနေရတာနဲ့ သူ ကားတစ်စီးလိုအပ်တာကို မေ့ချင်းမကမေ့သွားတယ်။
' ငါအခု နည်းနည်းတော့ အိပ်ဖို့လိုနေပြီ။ မဟုတ်ရင် ငါနိုးလာတဲ့အခါ သရဲရုပ်ပေါက်နေကရော့မယ်။'
ညကောင်းကင်ယံမတော့ ကြယ်ကလေးတွေဟာ လမင်းနဲ့ယှဉ်တွဲပြီး တလဲ့လဲ့ လင်းလက်လို့နေတယ်။
လေပြေညင်းကလေးက သစ်ပင်တွေကို ဖြတ်တိုက်တော့ သူတို့ရဲ့ အရွက်တွေဟာ လှုပ်လီလှုပ်လဲ့ပေါ့။ ညလေအေးနဲ့ တီးတိုးသံတို့ဟာ ညခင်းတစ်လျှောက်လုံး ဒွန်တွဲလို့သွားလေတယ်။"ကလင်...ကလင်...
...ကလင်... ကလင်။"နှိုးစက်နာရီရဲ့ အသံက အခန်းတစ်ခုလုံးကို လွင့်ထွက်လာတဲ့အခါမှာတော့ Zi You လည်း နိုးလာခဲ့ပြီ။ ပွစိပွစိနဲ့ ညည်းရင်းညူရင်း နှိုးစက်ကို ထပိတ်တယ်။
YOU ARE READING
ပြန်ပေးဆပ်ရမယ်