39. Ch 28

8.1K 933 88
                                    

"ဘာကြောင့် ပါလဲ"
Lee Yu က မေးတယ်။

"အကယ်၍ ခင်ဗျားက သစ်သား ဒါမှမဟုတ် လောင်ကျွမ်းနိုင်တဲ့အရာတွေ မီးထဲကို ထိုးကျွေးမယ်ဆိုရင် မီးက ဆက်တောက်နေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ရေ သို့မဟုတ် အရည်တစ်မျိုးမျိုး လောင်းချလိုက်ရင်တော့ မီးက ငြိမ်းသွားမှာပဲလေ"  ဟု
Zi You က နားဆင်သူအပေါင်းကို ပဟေဠိရဲ့ အဖြေကို ရှင်းပြပါတယ်။

"မှန်ပါတယ်ဗျာ" 
Kim Jong က ကျေကျေနပ်နပ်ပြောတယ်။

ဘာကြောင့် မီးလို့ ဖြေရတာလဲဆိုတာ နားလည်သွားတဲ့ ပွဲကြည့်ပရိသတ်ကလည်း လက်ခုက်တီးလိုက်ကြတယ်။

"နောက် ပဟေဠိတစ်ခုပါ: မမျှသော် ပိုင်၊ မျှ...မပိုင်တည့် ဆိုတာ ဘာပါလဲ? ဖြေဆိုချိန် ဆယ်စက္ကန့်ပါဗျာ" 

Kim Jong က အားလုံးကို ပြောသည်။

နှစ်စက္ကန့်အကြာမှာပဲ Zi You က လက်ထောင်ပါတယ်။ တစ်ပြိုက်နက်ပဲ Cheng Wu လည်း လက်ထောင်ပြီး ဖြစ်ပါတယ်။

"ဟုတ်ပြီ...ခင်ဗျားတို့ နှစ်ယောက်လုံး အတူတူထောင်တယ်။ ဘယ်သူ အရင်ဖြေလိုပါလဲဗျာ" ဟု Lee Yuက မေးလာသည်။

"Cheng Wu အရင်ဖြေပါလိမ့်မယ်" ဟု Zi Youက ခေါင်းကို ငြိမ့်ရင်း ပြောသည်။

"ဟုတ်ကဲ့...Cheng Wuဖြေနိုင်ပါပြီ"

"အဖြေက လျို့ှ ဝှက်ချက်" ပါဟု Cheng Wuက ဖြေလိုက်သည်။

"ဘာကြောင့် လျှို ့ဝှက်ချက် ဖြစ်ရတာလဲ" Kim Jongက ထပ်ဆင့်မေး၏။

"လိျှု ့ဝှက်ချက်ဆိုတာ တစ်ဦးတည်းက သိရတာပါ။ ခင်ဗျားက ဘယ်သူ့ကိုမှာ မမျှဝေဘူးဆိုရင် ဒီလျိုှ ့ဝှက်ချက်က ခင်ဗျားအပိုင်ပါပဲ။ အဲ ခင်ဗျားက အခြားသူကို မျှဝေလိုက်ပြီဆိုရင်တော့ အဲဒါဟာ လျိုှ ့ဝှက်ချက် မဟုတ်တော့ဘူးလေ"  လို့ Cheng Wuက ရှင်းပြ၏။

"မှန်ပာတယ်"

ကျန်တဲ့အချိန်တွေကတော့ ပဟေဠိအနည်းငယ် အမေးအဖြေ ဆက်လုပ်ကြပြီး ၊ အခြားဂိမ်းအချို့ ကစားကာ ပြီးသွားပါတယ်။

အချိန်အနည်းစုကတော့ Zi Youက ပဟေဠိဖြေလိုက် Lui Yunကို ကြိတ်ခိုးကြည့်လိုက်နဲ့ ပျော်ရွှင်နေပါတယ်။ အချိန်အများစုမှာတော့ တစ်စုံတစ်ယောက်အကြောင်းကို တွေးနေခဲ့တာပါ။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now