35. Ch 24

6.9K 982 49
                                    

Uni

Always will တဲ့ ။
Jiang Xuရဲ့ အကြောင်းကို ဖတ်ရင်း
သီချင်းလေးကို နားဆင်ပါ။
😢

_________

မည်သည့်ဇာတ်ကွက်ဆိုတာ သိပြီးတဲ့နောက်မှာ အဖွဲ့သားအားလုံးက အတူတကွ ဆက်တင်တွေချကြတယ်။ ပထမဆုံး sence က ပရိသတ်တွေဆီ ဇာတ်လိုက်နဲ့ ဇာတ်ပို့မင်းသား နှစ်ယောက်ကို မိတ်ဆက်သဘောမျိုးဖြစ်လိမ့်မယ်။

ပထမဦးဆုံး ရိုက်ကူးမှာက Zi Youက စာသင်ခန်းအတွင်းမှာ ရှိနေမှာဖြစ်ပြီး ပတ်ဝန်းကျင်မှာ အခြားကျောင်းသားများက ဝိုင်းအုံနေမှာဖြစ်တယ်။ အဲသည်မှာ Lui Yun က ဝင်လာပြီး ဆွဲလွဲခေါ်ထုတ်ကာ ထိုမျှ ပွက်လောရိုက်နေတဲ့အလယ်မှာ မတုန်မလှုပ်နေနေတာကို ပြစ်တင်ပြောဆိုလိမ့်မှာ ဖြစ်တယ်။ စာသင်ခန်းတစ်ခန်းရဲ့ ပုံစံ ခင်းကျင်းပြီးတဲ့နောက်မှာ အားလုံးက ကိုယ်စီကျရာ ကဏ္ဍကို ဝင်လိုက်ကြတယ်။

အခြားသောကျောင်းသားများက ပါမွှား ဇာတ်ဆောင်တွေနေရာက သရုပ်ဆောင်မှာဖြစ်ပြီး Zi You က စာအုပ်တစ်အုပ်ကိုဆွဲမလှန်ခင် သူ့ကိုယ်သူ ခုံမှာအရင်နေရာချတယ်။

"Ready, set, action''

သူ့ရဲ့ ဘေးဘယ်ညာမှာ ရှိတဲ့ ကျောင်းသားတွေက ချက်ချင်း စတင်ပြီးစကားတွေပြောလာကြတယ်။ သူ့ကိုလည်း မြှောက်လုံးပင့်လုံးတွေနဲ့ ပြောဆိုကြတယ်။ ဟိုနားစစ ဒီနားစစနဲ့ တချို့သူတွေက သူ့ရဲ့ ဆံနွယ်တွေကိုပါ ဆော့ယူထိတွေ့ကြတယ်။Jiang Xu (Zi You) ကတော့ ဘာကိုမှ အမှုမထားမိပါဘဲ သူ့ရဲ့စာအုပ်ထဲကိုသာ အလွန်အမင်း ဈာန်ဝင်စား၍နေလေတယ်။

ဒိုင်းခနဲမြည်သံနှင့်အတူ တံခါးပွင့်လာပြီး Mu Yan(Lui Yun) ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ best friend ဖြစ်တဲ့ Jiang Xu အနားမှာ လူပေါင်းများစွာဝိုင်းအုံနေတာကိုမြင်တဲ့အခါ သူ့ရဲ့ ခြေလှမ်းတွေကို ထိုနေရာသို့ဦးတည်လိုက်တယ်။

Jiang Xu ကို လက်ကဆွဲပြီး လူအုပ်ထဲကလွတ်အောင် ခေါ်ထုတ်လာတယ်။ ခပ်လှမ်းလှမ်းရောက်ပြီး စကားစတင်မပြောခင်မှာပဲ Mu Yan ရဲ့မျက်ဝန်းတွေက ဒေါသကြောင့် စူးရှနက်မှောင်လာခဲ့ပါတယ်။

"ဒီလောက် ဆူညံပွက်လောရိုက်နေတဲ့အလယ်မှာ မင်းက ဘယ်လိုတောင် ဘာမှမဖြစ်သလိုနေနိုင်ရတာလဲ။ တစ်ခါတလေ မင်းဟာ မတုန်မလှုပ် နိုင်ကိုနိုင်လွန်းတယ်။ ဒါမှမဟုတ် တုံးပဲ တုံးတာလားကွာဟေ" လို့ Mu Yan ကပြောတယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now