50. Ch 38

3K 462 20
                                    

Uni

နောက်ဆုံးတွင် ပါတီတက်ရောက်သူများ ဟိုဟိုဒီဒီ လျှောက်သွားကြပြီ။ Zi You က Lui Yun ဆီသို့သာ လှမ်းကြည့်လိုက် သည်။ သူတို့ရောက်သည့်အချိန်ကတည်းက အခုမှပင် ပြန်ပေါင်းထုပ်ရတော့မည်။ ရိပ်မိသည့် Lui Yun က သူ၏လက်ကို ဝှေ့ပြ၏။ Zi You က မိမိကို သူ့ဆီလာစေချင်မှန်း သဘောပေါက်သဖြင့် Lui Yun လိမ်လိမ်မာမာပဲ သွားလိုက်သည်။

Zi You က
"ကျွန်တော် ' သူတို့' ကို တွေ့လိုက်တယ်...သူတို့နာမည်တွေ ​ပြောမ​ပြ ချင်ဘူးလား" ဟု ဆိုရင်း သူကိုင်ထားသည့် တက်ခီလာ အရက်ခွက်ကို Lui Yunဆီ ကမ်းပေးရင်း မေးသည်။

Lui Yun က
" ကိုယ့်အစ်ကိုရဲ့ နာမည်က Ren တဲ့ .. ပိုငယ်တဲ့ကောင်လေးက Se Moon။ သူတို့ရဲ့ နာမည်တွေ ထုတ်ပြောရတာတောင် အန်ချင်တယ်...ကိုယ်တို့အလုပ်စတော့မလို့လား အခု" ဟုပြောရင်း သူတို့အား တစ်ချက်ကြည့်လိုက်သည်။

"ဟင့်အင်း..အခုမစသေးပါဘူး..စဖို့လုပ်တုန်း...ကျွန်တော်ညွှန်ကြားသလိုသာလုပ်ပါ။ ခင်ဗျားကိုမမှတ်မိအောင် ဂရုစိုက်ရမယ်နော်။ သူတို့ ခင်ဗျားကိုဘာလုပ်နိုင်လဲ သိတယ်မလား" ဟု Zi You က ပြောပြီးလျှင် Lui Yun၏ လက်ကို အသာအယာပုတ်သည်။

ထိုသို့​ပြောပြီး သူကထွက်သွား၏။ Ren နှင့် Se Moon တို့အနီးသို့ တိုးတိုးလာခဲ့ပြီး အနီးသို့ရောက်လျှင် သူ အစွမ်းကုန်ပြုံးရင်း ထိုနှစ်ယောက်ကိုနှုတ်ဆက်လိုက်သည်။

Zi You က အပြုံးတုနှင့်...
"ဟိုင်း... ကျွန်တော်က Zi You ပါ.. ခင်ဗျားတို့နှစ်ယောက်က Ren နဲ့ Se Moon ဖြစ်ရမယ်"

Ren က သူ၏ ခေါင်းကိုလှည့်၍သူ့ရှေ့ကကောင်လေးကိုကြည့်သည်။ သိပ်မကြာခင်က သူ့ကို အဝေးမှလှမ်းကြည့်နေသော ကောင်လေးဖြစ်၏။ အခုလို အနီးကပ်ကြည့်လိုက်တော့ နတ်မိမယ်တို့ထက်ပင် အများကြီးပိုလှသည်။ နှစ်ဦး၏ အကြည့်တို့ကို မလွှဲနိုင်အောင်
ထို မီးခိုးရောင်မျက်ဝန်းက သူ့အား ဆွဲဆောင်နေသယောင်။ အသားအရေက ဖြူဥနေကာ သူ၏ ကောက်ကြောင်းအသွယ်သွယ်ကလည်း ဝတ်စုံအောက်တွင်ပေါ်လွင်နေသည်။

Se Moon သူ၏ရှေ့ကအမျိုးသားကိုကြည့်လိုက်သည်။ ထိုသူ ဘယ်လာက်လှမှန်းသတိပြုမိချိန်တွင် သူ မျက်စိကျယ်သွားသည်။ သူကိုယ်တိုင်ထက်ပင်ပို၍လှသေး၏။ Ren ၏ မျက်လုံးထဲကအကြည့်တို့ကိုမြင်ကာ သူ တိတ်တဆိတ်စိုးရိမ်သွားသည်။ ထိုအကြည့်ကို သူကောင်းကောင်းသိ၏။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now