Uni
အဖြေတစ်ခုပေးနိုင်ဖို့် Zi You အတော်ကြိုးစားယူလိုက်ရတယ်။ သူဘယ်လိုပြောရင် သင့်တင့်လျောက်ပတ်ပါမလဲ ဆိုပြီး။
"ကျွန်တော် Jiang Tian ရဲဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ Jiang Tian မရှိတော့ဘူးလို့ ကြားခဲ့ရချိန် ကျွန်တော်ကအဝေးမှာ" လို့ သူ့ရဲ့ လက်တွေကို ဆုပ်ချည်ဖြန့်ချည်လုပ်ရင်း Zi You က ပြန်ဖြေတယ်။
ဘယ်နည်းနဲ့ဖြစ်စေ တစ်စုံတစ်ရာတော့ မူမမှန်သေးဘူးလို့ သူတို့ အတွေးပေါက်သွားမှာကို Zi You စိုးရိမ်လှတယ်။
အမျိုးသမီးအိုကြီးနဲ့ အမျိုးသားအိုကြီးတို့ရဲ့ မျက်လုံးတွေက သူ့ရဲ့ လက်အစုံအပေါ်ကို အကြည့်ရောက်နေပါတယ်။ သူတို့ရဲ့ သားဟာလည်းပဲ စိတ်လှုပ်ရှားနေချိန်တွေမှာ ယခုလိုပဲ လက်အစုံကို ဆုပ်ချည်ဖြန့်ချည် ပြုလုပ်လေ့ရှိတယ်။ သူတို့အရှေ့က လူငယ်လေးကို စေ့စေ့ကြည့် အကဲဖြတ်ပြီးတဲ့နောက်မှာ သူတို့ သက်ပြင်းကိုသာ ချလိုက်နိုင်တော့တယ်။ သူတို့ရဲ့ (Zi You နဲ့ သူတို့သား) အမူအယာတွေက တူညီပေမဲ့လည်း သူတို့ရဲ့ မျက်နှာတွေက ကွဲပြားပေတယ်။ မိမိတို့ရဲ့ သားငယ် တဖန်ပြန်လာဖို့ မပြည့်နိုင်တဲ့ဆုကို သူတို့ တောင်းမိနေတာ ဖြစ်ပါလိမ့်မယ်။
ထိုအခိုက်မှာပဲ သူတို့ရဲ့ မျက်နှာတွေ တဖန်ပြန်နူးညံ့သွားတယ်။
"Hu Xin....အခန်းထဲသွားတော့လေ" လို့ မိန်းမငယ်လေးကို လူကြီးက ပြောလိုက်တယ်။
ခပ်တိုးတိုးအသံထွက်လာပြီး သူမက သူမရဲ့အခန်းဆီကို ထသွားတယ်။
Zi You လည်း တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ သူမရဲ့ပုံရိပ်ကို ဆက်လက်ကြည့်နေတယ်။
'သူမက မပြောင်းလဲသေးဘူးပဲ'
တစ်ခါတရံမှာတော့ သူမက အနည်းငယ်ကလန်ကဆန်လုပ်ကောင်း လုပ်နိုင်သော်လည်း များသောအားဖြင့် နာခံတတ်သူဖြစ်တယ်။သူ့ရဲ့ ညီမလေးဟာ သန်မာသူလေး ဖြစ်တယ်။ သူမအပေါ်ကို အားနည်းသူလေးလို့ မြင်မှာကို လုံးဝမနှစ်တဲ့ သန်မာသူလေးဖြစ်တယ်။
သူ့ရဲ့ အကြည့်တွေကို ရုတ်သိမ်းလိုက်ပြီး အမျိုးသားကြီးနဲ့ အမျိုးသမီးကြီးဘက်ကို ပြန်လှည့်လိုက်တယ်။
YOU ARE READING
ပြန်ပေးဆပ်ရမယ်