Uni
တစ်ယောက်သောသူ၌ တိုးဝှေ့ပူးကပ်လျက် Zi You နိုးလာသည်။သူ တိတ်တိတ်ဆိတ်ဆိတ် တစ်ဖက်ကိုလှည့်လိုက်သည်။ ညကကြောင့်သူ၏ နောက်ကျောမှ နာကျင်မှုကဖြန်းခနဲ ဖြစ်သွားသည်။ Lui Yun ၏မျက်နှာကိုထိတွေ့ရန် သူလက်တစ်ဖက်လှမ်းလိုက်ကာ ကြင်ကြင်နာနာထွေးအုပ်လိုက်သည်။ သူ၏ အကြည့်က Lui Yun၏ နှုတ်ခမ်းပါးထက်ဝယ်မြဲတည်လျက်... လက်ချောင်းလေးများက Lui Yun၏ မျက်နှာကောက်ကြောင်းများကို လိုက်စမ်းနေ၏။ သူ၏စိတ်နှလုံးက အရှုပ်အထွေးများထဲဝယ် ကျရောက်နေသည်။ သူတို့နှစ်ဦး ဤအခြေအနေသို့ မြန်မြန်ရောက်သွားလိမ့်မည်ဟု မတွေးထားဖူးချေ။ သို့နှယ်ဖြစ်သွားလျှင်ပင် ညကကိစ္စကို သူနည်းနည်းမှနောင်တမရပါ။ ကောင်းပါပြီ.. -င်ကြိမ်းရတာကိုတော့ ခင်ဗျားတို့ ထည့်မတွက်နဲ့ပေါ့ဗျာ။
Lui Yun မျက်လုံးပွင့်လာပြီး သူ့မျက်နှာကို ထိတွေ့နေသော ပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။ သူ့မျက်နှာက ပြုံးရွှင်လာ၏။
"Good morning " ဟုသူကပြောပြီး Zi Youကို နမ်းရန် အနားတိုးလာသည်။ အနမ်းက ရမ္မက်ကြွအနမ်းမျိုးမဟုတ်။ အနမ်းဖွဖွကလေးမျှသာဖြစ်သည်။ သို့သော် နင့်နဲသည့် ချစ်ခြင်းတရားကိုတော့ သယ်ဆောင်ထားပါ၏။ နမ်း၍ပြီးသွားတော့ Zi You မသက်မသာနေရာရွှေ့လိုက်သည်။ Lui Yunကသူ့အထဲမှာ ပြီးခဲ့သည့်အတွက် သူ့ခြေ ထောက်များတွင် ထိုဟာတွေပေနေပြီး တချိ့တလေက တင်ပါးမှ အပြင်သို့စီးကျနေသည်။ Lui Yun က Zi You လူးလွန့်တာကိုသတိပြုမိသည့်အတွက် ရေချိုးခန်းထဲသို့ မင်းသမီးလေးလိုပွေ့ချီလာခဲ့သည်။ သူ၏ ခြေထောက်များက လမ်းလျှောက်ဖို့ရာ အားမရှိသဖြင့် Lui Yun၏အကူအညီဖြင့်ရေချိုးလိုက်သည်။ ရေချိုးနေစဥ်တစ်လျှောက်လုံး Lui Yun၏လက်က သူ့ကို ရံဖန်ရံခါ ပွတ်သပ်မိသွားခြင်း၊ သူ့ကိုယ်ပေါ်က အချို့သောနေရာများနှင့် ထိလုမတတ်ဖြစ်ခြင်းတို့ကို လျစ်လျူရှုဖို့ကြိုးစားခဲ့ရသည်။မနေ့ညက သူ့အဝတ်အဟောင်းတွေကိုသာပြန်ဝတ်လိုက်ပြီး မီးဖိုခန်းထဲတွင် ချက်ပြုတ်နေသည့် Lui Yun ကို ထိုင်ကြည့်နေခဲ့ပါ၏။ သူနှင့်မတူ...Lui Yun က ဘယ်လို ချက်ပြုတ်ရမည် ကို သိကြောင်း တွေ့ ရသည်။ ချက်ထားတာတွေကလည်းကောင်းသည်။ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသောရနံ့များက လေထုအတွင်း ပျံ့နှံ့နေလေ၏။
YOU ARE READING
ပြန်ပေးဆပ်ရမယ်