45. Ch 34

3.6K 497 9
                                    

Uni

"အဲဒီအချစ်ဟောင်းက ကိုယ့်ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးလို့ ကိုယ်တွေးခဲ့တာ...အနည်းဆုံးတော့ မျှော်လင့်ခဲ့တာပေါ့လေ...သူ ကိုယ့်ရင်ကို ဓားတစ်ချောင်း စိုက်သွင်းခဲ့တယ်။ ကိုယ်သာ အချိန်မီမရှောင်နိုင်ခဲ့ရင် အဲဒါ ကိုယ့်နှလုံးသားတည့်တည့်ဖြစ်နေမှာ...ကိုယ့်ဘဝ လွတ်မြောက်မသွားခင်အထိ သတိမမူမိခဲ့လို့ ကိုယ် ကြောက်ရွံ့တုန်လှုပ်ခဲ့ရတယ်...အဲဒါ အခုကိုယ်က ဘာကြောင့်ဖြစ်ခဲ့ရတယ်ဆိုတာပဲ"

"ကိုယ့်အစ်ကိုနဲ့ သူနဲ့ ကုမ္ပဏီကို အာဏာမသိမ်းခင် လက်ထပ်ခဲ့ကြတယ်။ အခြေအနေက အဲလိုဖြစ်သွားပြီးနောက် ကုမ္ပဏီက အရင်လို အကြီးဆုံး ထပ်မဖြစ်တော့ဘူး။ ဒါပေမဲ့ ကြီးတော့ကြီးနေတုန်းပဲ။ သူတို့ ရတဲ့ ဝင်ငွေကတော့ တဖြည်းဖြည်း နည်းလာလိမ့်မယ်...ကိုယ်ထင်ပါတယ်...ဒီကြမ္မာက သူတို့ဆီ တန်ပြန်လာမယ်လို့"

(TN/ ဒီနေရာမှာ စာရေးသူက လိင်တူလက်ထပ်ခြင်းဥပဒေရှိပြီးသားမို့ သူတို့အပေါ် လူတွေက အထင်မသေးကြဘူးလို့ပြောထားပါတယ်)

"ကိုယ် ဘယ်သူလဲဆိုတာတော့ ပြောပြပြီးပြီ..မင်းကရော တကယ်တမ်းဘယ်သူဆိုတာ ကိုယ့်ကိုပြောပြမှာလား? မင်းက Xi Ru မဟုတ်ဘူးဆိုတာကိုယ်သိတယ်။ သူက ဘယ်တော့မှ သရုပ်ဆောင်တစ်ယောက်လုပ်မှာမဟုတ်ဘူး။ ကိုယ့် သူ့အကြောင်းကောင်းကောင်းသိတယ်။ "
Lui Yunက Zi You၏ မျက်လုံးကိုတည့်တည့်စိုက်ကြည့်ပြီး ထိုသို့ပြောသည်။

Zi You မျက်လုံးပြူးသွား၏။

' သူက ဘယ်နှယ့်သိနေတာတုန်း? သူ ဘာသာရယ်မိသည်။ Lui Yun က သူ့အကြောင်းကိုပြောပြနေမှတော့ ငါက ဘာလို့ ဆက်လျှို့ဝှက်ထားဦးမှာလဲ...ငါတို့ရဲ့ဆက်ဆံရေးကို အလိမ်အညာတွေနဲ့မတည်ဆောက်နိုင်ဘူး...ငါ့ကို ပြောပြဖို့ သူတောင် လုံလောက်အောင် ပွင့်လင်း ပြီးပြီပဲ'

မော့မကြည့်ခင် Zi You၏ လက်ချောင်းကလေးများ ကွေးချည်ဆန့်ချည်ဖြစ်သွားသည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပါ၏။

"ခင်ဗျားပြောသလို
ပြောရမယ်ဆိုရင် ကျွန်တော်က Xi Ru အစစ်ပါပဲ ဒါပေမဲ့ မဟုတ်လည်းမဟုတ်ဘူး..." Zi You က Lui Yun ကိုစိုက်ကြည့်ရင်းပြောသည်။ Lui Yun ရှုပ်ထွေးသွား၏။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now