Uni
Zi You
သူ့ပုံများနှင့် ပြည့်သိပ်နေသည့် နံရံများကိုကြည့်လိုက်သည်။တစ်ပုံချင်းချစီ
လိုက်လျှင် မိုင်တော်တော်များများ ရောက်လောက်မည်။ ဤပုံများကို ကြည့်ပြီး ပြောရလျှင် ခိုးရိုက်ထားခြင်းမှန်း သိနိုင်သည်။ နံရံများ၏ လွတ်နေသော နေရာမှန်သမျှမှာ ပုံများနှင့် ပြည့်နေပြီး ချိတ်ဆွဲထားသည့် ပိုစတာများပင်ရှိသေးသည်။Zi You ၏ အော်သံကိုကြားလျှင် Lui Yun က အသံလာရာနေရာဆီ အပြေးလာသည်။ ထိုအခန်းတံခါးပွင့်နေသည်ကို သတိပြုမိလိုက်ချိန်တွင် သူရှေ့ဆက်မတိုးရဲ။
'အိုး...ရှစ်...Zi You သူ့ပုံတွေရှာတွေ့သွားပြီ'
သူ မျက်လုံးပြူးသွား၏။ သူ့အုတ်ဂူကို သူ ကြိုတင်၍ တူးထားရတော့မည်။ အသက်ကို မဲတင်းရှူရင်း သူ အထဲသို့ဝင်သွားလိုက်၏။
"ကိုယ် ရှင်းပြပါ့မယ်" ဟု အော်ပြီး လက်နှစ်ဖက်ကိုမြှောက်ထားလိုက်သည်။ Zi You က သူ့ဘက်သို့လှည့်ကြည့်၏။
" ပုံအားလုံးအတွက် ဘယ်လိုရှင်း
ပြမလဲ ပြောကြည့်လိုက်"
Zi You ၏ မျက်ဝန်းကား သတ်ဖြတ်ဖို့သန္နိဋ္ဌာန်နှင့် တောက်လောင်နေ၏။ဤသည်ကိုမြင်လျှင် Zi You ကို ဒေါသမထွက်စေမည့် မှန်ကန်သောစကားလုံးကိုရှာဖွေနိုင်ရန် Lui Yun ရုန်းကန်ရတော့သည်။ 'Zi You ဒေါသပုန်ထသွားနိုင်တာကို သူဘယ်လိုများမေ့သွားရတာလဲ?'
သူ့မှာ အအော်ခံနေရသော်လည်း 'Zi Youလေးက ဒေါသထွက်နေချိန်တောင် လှရက်ပါပေ့' ဟူသောအတွေးကို မရပ်တန့်နိုင်ချေ။
ထို့နောက် မှန်ကန်သော စကားလုံးရွေးဖို့ရှင်းပြဖို့ ဆိုတာတွေကို ဖယ်လိုက်ပြီး ရှေ့သို့တိုးကာ ဖက်ပစ်လိုက်သည်။
Lui Yun သည် မျက်နှာငယ်လေးနှင့် Zi Youကို တင်းတင်းဖက်ကာ
"ဘေဘီ တကယ်ကြီး စိတ်ဆိုးသွားတာလားဟင်?" ဟု နားနားသို့ တိုးတိုးကပ်မေးသည်။"မဟုတ်ပါဘူး...ရုတ်တရက်ဆိုတော့ တအားလန့်သွားလို့ပါ" ဟု Zi You ကပြောကာ Lui Yun ၏ရင်ခွင်ထဲမှ ထွက်ပြီး ပုံများဆီသွားလိုက်သည်။ Lui Yun ၏ ဒီလို ချစ်ဖို့ကောင်းအောင်လုပ်သည့်ပုံစံမှာ သူ၏ အားနည်းချက်ပင်။နံရံတွင် ပုံပေါင်းမြောက်မြားစွာရှိနေသော်လည်း...အရည်အသွေးကောင်းပါသည်ဟု လျှော့လျှော့ပေါ့ပေါ့ ပြောလို့ရမည့်ပုံ တစ်ပုံမျှမရှိချေ။ လျှောက်ကြည့်လေလေ သူ့ဒေါသတို့နည်းသွားလေလေဖြစ်ပြီး...အပြုံးတို့အစားထိုးဝင်ရောက်လာသည်။
သူ၏ ချစ်သူက Stalker လေးဖြစ်နေတာ သူမသိခဲ့ဘူးပဲ။ ဘယ်လိုပဲဖြစ်ပါစေ မိမိက သူ့ကို ချစ်နေသ၍ အဆင်ပြေပါသည်။ Zi You က မိမိကိုယ်မိမိ ယုံကြည်ချက်နည်းမိသည်များကို မကြိုက်သော်လည်း တစ်နေ့မှာ Lui Yun များ သူ့ကို စွန့်ပစ်ခဲ့မည်ဆိုပါက သူ ဘာလုပ်ရမည်မှန်း သိတော့မှာ မဟုတ်ပါ။ သူ Jiang Tian ဘဝမှာတုန်းက အစဥ်အမြဲ ယုံကြည်ချက်ခိုင်မာသည့် ရဲရင့်သူတစ်ယောက်အဖြစ် ပုံဖမ်းခဲ့သည်။
YOU ARE READING
ပြန်ပေးဆပ်ရမယ်