Uni
"ဒါက မင်းနေ့စဉ် လှုပ်ရှားရမယ့် plan ပဲ" လို့ Xu Ming ကပြောတယ်။ သူ့ရဲ့ မျက်လုံးကတော့ 'မမှန်းမိဘူးလား' လို့ပြောနေတယ်။
"ဒါပေမဲ့ မင်းဒါကို ကြည့်ဖို့မလိုပါဘူး။ တစ်နေ့တာ ဘာလုပ်ရမယ်ဆိုတာ ငါပြောပြမယ်"လို့
Xu Ming က ပြောတယ်။ မပြောခင် သူ့ရဲ့ လည်ချောင်းကို ရှင်းလိုက်သေးတယ်။" ဆယ်နာရီမှာ မင်းနဲ့ gravity တို့ ဓာတ်ပုံအချို့ရိုက်ဖို့ ဖိုတိုရှုတင် ကိုသွားရမယ်။ မင်းတို့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို သတင်းကတဆင့် လူထုကိုချပြပြီး အဖွဲ့ဝင်အသစ်တစ်ယောက် ထပ်မံပါဝင်လာတာကို ကြေငြာဖို့ ငါ ဓာတ်ပုံအချို့လိုတယ်။
နှစ်နာရီ ရောက်ရင်တော့ အဲဒီကနေထွက်လာပြီး မင်းတစ်ဦးတည်းကို Longyue အင်တာတိန်းမန့်ရဲ့ ဒရာမာအသစ်ရိုက်ကွင်းနေရာကို ခေါ်သွားမယ်။ ပြီးရင် မင်းရဲ့ ဇာတ်ကောင်နဲ့ ဒရာမာဇာတ်ညွှန်းကိုပေးမယ်။
ဒါတွေ အားလုံးအဆင်ပြေမှ မင်းရဲ့ ပထမဆုံး sence ကိုရိုက်လို့ရမယ်။ ငါးနာရီရောက်ရင်တော့ gravity ရဲ့ အဖွဲ့ဝင်အသစ်ဆိုတဲ့သတင်းကို ထုတ်ပြန်ကြေငြာမယ်။" လို့ အခန်းထဲကသူတွေအားလုံးကို Xu Ming က ရှင်းလင်းစွာပြောတယ်။"ဒါနဲ့ မဟုတ်သေးပါ ဘူး။ မန်နေဂျာကရော"လို့ Zi You က မျက်ခုံးတွေမြောက်သွားပြီးမေးတယ်။ Zi You က မန်နေဂျာအစား ဘာကြောင့်ဒီလိုလုပ်နေရလဲဆိုတာ သူနားမလည်ဘူး။
"ငါ မင်းအတွက် မန်နေဂျာကို ရှာနေတုန်းပဲ။ အခုတော့ စိတ်ပူဖို့မလိုသေးပါဘူး။သည်ဟာအတွက်နဲ့"
Xu Ming က Zi You ရဲ့ မေးခွန်းကိုပြန်ဖြေတယ်။
Zi Youက အိုခေပါတယ်ဆိုတဲ့ သဘောနဲ့ ခေါင်းငြိမ့်ပြတယ်။ သူစိတ်မဝင်စားပါဘူး မန်နေဂျာအကြောင်းကိုလည်း။
သူတို့မထွက်ခင်အထိ Xu Ming က အခြားအကြောင်းအရာတွေကိုလည်းထပ်ပြောပြနေတယ်။
Xu Ming ပြန်ထွက်သွားတဲ့အခါကျမှ လူတိုင်းက သူတို့လုပ်လက်စတွေကိုပြန်လုပ်တယ်။
ကိုးနာရီလောက်လည်းဖြစ်ရော အားလုံးအဆင်သင့်ဖြစ်ကုန်ကြပြီ။
သူတို့အကုန် ဝတ်စားဆင်ပြီးတဲ့အခါမှာ Zi You က အားလုံးကို ဓာတ်ပုံရိုက်မဲ့ ရှုတင်ဆိုတဲ့နေရာကို ပို့ဆောင်ပေးတယ်။ သူက Xu Ming ကို မေးပြီး ရှုတင်ရဲ့ တည်နေရာကို gravity တွေအားခေါ်လာပေးဖို့ကို ကြိုတင်အသိပေးပြီးသား။
YOU ARE READING
ပြန်ပေးဆပ်ရမယ်