29. Ch 18

7.8K 994 41
                                    

Uni

တစ်စုံတစ်ယောက်က သူ့ရဲ့ တံခါးကိုလာခေါက်လို့ အခန်းထဲက Zi You က တွန့်ကြေနေတဲ့ အရာအချို့ကို ဆွဲဆန့်လိုက်တယ်။ သူက မတ်တပ်ရပ်ပြီး တံခါးဆီသို့သွားကာ ဖွင့်ကြည့်လိုက်ပါတယ်။

"အာ..Meng Shu ဒီ ဘာလာလုပ်တာလဲ"

ရုတ်တရက်ပေါ်လာတာကြောင့် Zi You က အံ့အားသင့်ပြီးမေးတယ်။

"Lu Yin က ဒင်နာအတွက်ချက်ပြုတ်ပြီးပြီမို့လို့ မင်းကို သွားခေါ်ဖို့ပြောလို့" ဟုဆိုကာ သူက ခပ်ရေးရေးပြုံးတယ်။ သူက ပြုံးတတ်ရွှင်တတ်တဲ့ လူစားမဟုတ်လေတော့ အဲဒါက ခပ်ရေးရေး ပြုံးတာဆိုရင်တောင် သူ့ရဲ့ မျက်နှာကို ဝင်းပ သွားစေတယ်။

တံခါးကို ပြန်မပိတ်ခင် Zi You က
"ကောင်းပြီလေ..ငါ တစ်မိနစ်အတွင်း အောက်ကိုဆင်းလာပါ့မယ်" ဟုပြောခဲ့သည်။

သူက သူ့ရဲ့ဖုန်းကိုဆွဲယူ....ပုံတစ်ပုံရိုက်ပြီး..သူ့ရဲ့ Weibo အကောင့်မှာ တင်လိုက်တယ်။ သူနှင့် ထိုမိန်းကလေးတို့၏ဓာတ်ပုံကြောင့် အငြင်းပွားဖွယ်ဖြစ်ပြီးနောက် သူက ဒါကို ကောင်းကောင်းအသုံးချဖို့် ဆုံးဖြတ်လိုက်တယ်။

သူက Zi You ဆိုတဲ့နာမည်နဲ့ အကောင့်တစ်ခုဖွင့်လိုက်ပြီး အဲဒီမှာ သူ နေ့စဉ် ဘာတွေလှုပ်ရှားတယ်ဆိုတဲ့ ဓာတ်ပုံတွေကို တင်ခဲ့တယ်။

အကောင့်ဖွင့်ပြီး နှစ်နာရီမကြာခင်မှာပင် သူ follower နှစ်သိန်းရပြီးပြီ။ Wei Yu နဲ့ Ming Xue ကို အနိုင်ရချင်ရင် သူ့အနေ့နဲ့ သူ့ရဲ့ ကျော်ကြားမှုကို မြှင့်တင်ဖို့လိုအပ်တယ်။

ယုံချင်ယုံ မယုံချင်နေ ယခု သူ့မှာ follower တစ်သန်းနီးပါးတောင်ရနေပြီ။ ပြီးတော့အဲဒါက သူ အကောင့်ဖွင့်ပြီး ၃ရက်အတွင်းမှာပဲ ရခဲ့တာ။ အခုလည်း သူ့ရဲ့ follower အရေအတွက်က တရိပ်ရိပ်တက်နေဆဲပဲ။

ကိစ္စဝိစ္စပြီးပြီဆိုတော့မှ သူက အောက်ထပ်ကို ဆင်းဖို့လုပ်လိုက်တယ်။

သူအောက်ကို ရောက်တဲ့အခါ လူစုံနေကြပြီ။ သူ့ကို ဂြိုဟ်ကြည့် ကြည့်နေတဲ့ Cheng Wu ကလွဲရင် အားလုံးကို သူနှုတ်ခွန်းဆက်လိုက်တယ်။

အခုအချိန်ထိ သူ Cheng Wu အပေါ် ဘာအမှားလုပ်မိမှန်း မသိသေးဘူး။ သူ ဒီအတွေးကို ဖယ်ထုတ်လိုက်ပြီး ခုံမှာဝင်ထိုင်လိုက်တယ်။ တကယ်တော့ လွတ်နေတဲ့ တစ်ခုတည်းသောခုံက Meng Shu နဲ့ Lu Yin တို့ဘေးက ခုံပဲ။ ဒါကသာ Cheng Wu ကို မျက်မုန်းကျိုးစေတာဖြစ်မယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now