51. Ch 39

3.1K 451 41
                                    

Uni

Lui Yun ၏ တီးတိုးရေရွတ်သံကိုကြားလျှင် Zi You ပြုံးမိသည်။ ဤအမျိုးသားက အဘယ်​ကြောင့် ချစ်ဖို့ကောင်းပြီး နွေးထွေးရပါသနည်း။ အခုတောင် သူ့ကို ဘာမဟုတ်တာလေးအတွက်နဲ့ ကျေးဇူးတင်နေတယ်လေ...။

"ဂုဏ်သရေရှိ အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျာ...ယနေ့
ယခုလိုဖိတ်ကြားလိုက်ရတာက Longyue ရဲ့ CEO ဖြစ်သူ Xu Ming ရဲ့မွေးနေ့ဖြစ်လို့ပါပဲ။ ပါတီကို တက်ရောက်ပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်...အားလုံးပျော်ရွှင်ကြဖို့မျှော်လင့်ပါတယ်...စုံတွဲကပွဲ ယခုပဲစပြီမို့...သင်တို့ရဲ့ပါတနာကို ဖိတ်ခေါ်လိုက်ပါဦး..."

စုံတွဲကပွဲ? စုံတွဲကပွဲလည်းပါလိမ့်ဦးမည်ဟု Zi You မမျှော်လင့်ထား။ မီးရောင်တို့ မှိန်ကျသွားပြီး ဂီတသံကထွက်ပေါ်လာသည်။ ပတ်လည်တွင် တွဲကကြမည့် ပါတနာများ အစီအရီ။ ဘာကြောင့် စုံတွဲထကခိုင်းသည် သူမသိသော်လည်း Lui Yun၏ လက်ကို ဆုပ်ကိုင်ဖို့ရာ ဝန်လေးနေမည်မဟုတ်ပါ။ သူ၏ အကစွမ်းရည်များကို အသုံးချရမည့်အချိန်ဖြစ်သည်။

"စကြစို့"
Zi You က ပြောရင်း Lui Yun၏ မျက်နှာကို လှည့်ကြည့်လိုက်သည်။ Zi You ၏ မျက်ဝန်းများဆီ စိုက်ကြည့်နေသော Lui Yun မျက်နှာဝယ် အပြုံပန်းတွေနှင့်။ Zi You က ကရတာကိုကြိုက်မှန်းသူသိသဖြင့်  စင်ပေါ်သို့ ဆွဲခေါ်ခံရချိန်တွင် သူငြင်းဆန်မှုမပြုပါ။

သူတို့ကကြသောအခါ...သံစဥ်၏ နူးညံ့ငြိမ့်ညောင်းသည့် ရစ်သမ်နှင့်အတူ သူတို့၏ကိုယ်များက ယိမ်းလို့နေသည်။ တစ်ဦးအကြည့်တွင် တစ်ဦးမှာ ပို၍ပို၍သိမ်မွေ့လျက်။

"ခင်ဗျား က ကျွန်တော့်အတွက် ဘယ်လောက်တောင်တန်ဖိုးရှိသလဲဆိုတာ သိရဲ့လား..ဒီကမ္ဘာပေါ်က ကျွန်တော်အလိုရှိတဲ့ ဘယ်အရာကိုမဆို ရနိုင်မယ်ဆိုရင်တောင် ခင်ဗျားက ကျွန်တော့်လူဖြစ်ဖို့နဲ့ မလဲနိုင်ပါဘူးနော်"
Zi You က သူ၏ မျက်နှာကို Lui Yun၏ ရင်ခွင်တွင်အပ်ရင်း ဆိုသည်။

Lui Yun ၏ မျက်နှာကား ပျော့ပျောင်းနူးညံ့လို့သွားသည်။

"စိန်တွေ ရွှေတွေကလေ မင်းလောက်အဖိုးမတန်ပါဘူး။ နတ်ဘုရားမတစ်ပါး ကိုယ်ထင်ပြလာရင်တောင် ကိုယ်ကတော့ မင်းကိုပဲ ချစ်နေဦးမှာ..ကမ္ဘာပေါ်က လူအားလုံးက ကိုယ်တို့ရဲ့အချစ်ကို ဆန့်ကျင်ကြရင်တောင် အရာအားလုံးကို စွန့်လွှတ်ပြီး ကိုယ်တို့နှစ်ယောက်တည်း သိတဲ့နေရာဆီ  မင်းကိုခေါ်​ပြီး ပြေးမယ်"

ပြန်ပေးဆပ်ရမယ်Where stories live. Discover now