Uni
သူတို့ စားသောက်ဆိုင်မှာ ထိုင်နေစဉ် Zi You က အဆောက်အဦးထဲကို ဝင်လာတဲ့ Lui Yun ကို တွေ့လိုက်ရတယ်။ ဒါကြောင့်မို့လို့ အခွင့်တောင်းပြီးတော့ သူ Lui Yun ဆီကို လျှောက်သွားခဲ့တယ်။
"ခင်ဗျားကို ဒီမှာတွေ့ရမယ် ထင်မထားဘူး" ဟု Zi Youvက Lui Yun ကို လှမ်း ပြောလိုက်တယ်။ Lui Yun က အသံထွက်ပေါ်လာရာ နေရာကိုကြည့်လိုက်တယ်။Zi You တွေ့လိုက်ရတော့ သူ့ရင်ထဲမှာ ပီတိဖြာသွားတာပဲ။
"ဒီကို ဘာလာလုပ်တာလဲ" လို့ Lui Yun က တကယ်လည်း မသိလိုပါပဲနဲ့ မေးတယ်။တကယ်တော့ သူ Zi You ကို မြင်ရကတည်းက ကျေနပ်လှနေပြီ။
"ကျွန်တော်က လူတစ်ချို့နဲ့ ညစာ အတူလာစားတာဗျ။ ခင်ဗျားကရော?" လို့ သိချင်စိတ်နဲ့ Zi You က မေးတယ်။
ယခု...Lui Yun က ဝတ်စုံပြည့် ဝတ်ဆင်ထားတယ်။ ပြီးတော့ Zi You အနေနဲ့ ဖြည့်ပြောရမယ်ဆိုရင် Lui Yun ရဲ့ ပုံစံဟာ ပူပြင်းတဲ့ နွေတစ်နေ့မှာ စားပွဲပေါ် ချန်ခဲ့ရတဲ့ ရေခဲကိတ်မုန့် တစ်ပိုင်းနဲ့ တူလှတယ်။ အဲ့ဒါက သူ့ကို စားပါစားပါလို့ ဖိတ်ခေါ်နေသလိုမျိုး......။
သူတို့်ရဲ့ ခန္ဓာကိုယ်တွေက တဖြည်းဖြည်းလိမ်ယှက်သွားပြီး ဒီ ရေခဲမုန့် Lui Yun ကို အရသာခံ 'လျက်' နေတယ်လို့ စိတ်ကူးပြီး Zi You ရဲ့ အတွေးပင်လယ်လေးထဲမယ် လှိုင်းထန်နေတယ်။
'ဖာ့ခ်! ငါ ညစ်ညစ်ပတ်ပတ်တွေ တွေးနေတာပဲ'
Zi You စိတ်ထဲကနေ သူ့ခေါင်းသူ အုပ်ပစ်လိုက်တယ်။ ဒါပေမဲ့ ဒီရဲ့ အတွေးကနေ သူ့ကိုယ်သူ မရပ်တန့်နိုင်ပဲ နောက်တစ်ကြိမ်ထပ်တွေးပြန်တယ်။
Zi You တို့ ကောင်းခန်းရောက်နေချိန်မှာပဲ ကြားဝင်နှောင့်ယှက်ခံလိုက်ရပါတယ်။ အခြားအမျိုးသားတစ်ယောက်ဟာ သူ့အနောက်ကမန်နေဂျာနဲ့အတူ သူတို့ဆီလျှောက်လာပါတယ်။
"hi..ငါက Min Yue ပါ ။ မင်းရဲ့ ရုပ်သံစစ်ဆေးတဲ့နေ့မှာ ငါတို့ ဆုံခဲ့သေးတယ်လေ"
Zi You က မှတ်မိမှာပဲလို့ မျှော်လင့်ပြီး Min Yue က Zi You ကို နှုတ်ဆက်တယ်။
Zi You ရဲ့ ညစ်ပတ်တဲ့အတွေးလေးလည်း ရပ်သွားရပြီး ခေတ္တကြောင်တောင်တောင်ဖြစ်သွားတယ်။ ပြီးတော့ အဲသည်နေ့က ဆုံတွေ့ခဲ့တဲ့ သူရဲ့ အကြောင်းကို သူ့ဦးနှောက်ထဲမှာ အမြန်အမြန်တူးဆွကြည့်တယ်။
YOU ARE READING
ပြန်ပေးဆပ်ရမယ်