အတွေးများကို ဖြတ်ပစ်လိုက်ပြီး သူ့ကို စိုးရိမ်တကြီးကြည့်နေသော Lui Yun ကို Zi You ကြည့်လိုက်သည်။ ထို့နောက် Lui Yun အား စိတ်အေးသွားစေရန် သူအဆင်ပြေကြောင်း ပြုံး၍ ပြလိုက်ရ၏။
နောက်ဆုံးတွင် Zi You ပြန်ကြည့်လာသည်ကို မြင်ရမှ Lui Yun က စိတ်တိုင်းကျသွားသည်။ Zi You က သူ၏မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ စိတ်လွတ်ကာငေးမောနေသဖြင့် သူ စိုးရိမ်သွားခြင်းဖြစ်သည်။ သူက Zi You ကို တက်ကြွသွားအောင် လုပ်ပေးချင်ပေမဲ့ တစ်ယောက်တည်းသာ လွှတ်ထားပေးခဲ့လိုက်သည်။ ပြီးလျှင် သူ၏ ဖုန်းကိုထုတ်ကာ Zi You ၏ ပုံအချို့ကို လျုှိ့ဝှက်ရိုက်ယူလိုက်သည်။
ထိုနေ့၏ နောက်ဆုံး scene ကို ရိုက်ကူးပြီးချိန်တွင် အားလုံး ထိုနေရာမှ ထွက်ခွာခဲ့ကြသည်။ Lui Yun က Zi You ကို ကားနှင့်ပြန်ပို့မည်ဖြစ်သည်။ ကားထွက်လျှင် Zi Youက Lui Yun အား ပြုံး၍ လိုက်ပို့သည်ကို ကျးဇူးတင်လေသည်။
___________________
ယနေ့ကား ဒရာမာ၏ နောက်ဆုံး scene ကို ရိုက်ကူးသည့် နောက်ဆုံးနေ့ရက်လည်းဖြစ်သည်။ ဆောင်းဦးပင်ရောက်ချေပြီ။ ဒရာမာတစ်ခုလုံးကို ရိုက်ကူးရန် အချိန် စုစုပေါင်း ခြောက်ပတ် ကြာမြင့်ခဲ့၏။ ဤ ခြောက်ပတ်ကို အတူဖြတ်သန်းရင်း Zi You နှင့် Lui Yun လည်း ပိုမိုရင်းနှီးခဲ့သည်။
ယနေ့ scene က Zhang Xu သေဆုံးပြီး နောက်လာသော ဇာတ်ကွက်ဖြစ်သည်။ Zhang Xu သေဆုံးပြီး Mu Yan က Zhang Xu ၏ အခန်းတွင်းသို့ဝင်ကာ ကျန်ရစ်ခဲ့သော ပစ္စည်းများကို ကြည့်သော ဇာတ်ဝင်ခန်း။
"Ready and Action"
Zhang Xu ၏ အခန်းတွင်းသို့ Mu Yan ဝင်လာခဲ့သည်။ သူက အခန်းတွင် သိမ်းဆည်းထားသော ပစ္စည်းများအား လိုက်လံကြည့်လေသည်။ ချက်ချင်းပင် အိပ်ရာ၏ ညာဘက်ဘေးရှိ စားပွဲပေါ်တွင် ဘောင်သွင်းထားသော ဓာတ်ပုံတစ်ပုံဆီသို့ သူ၏ မျက်ဝန်းများက ရောက်ရှိသွားသည်။
မည်သည့်နေရာတွင် ရိုက်ကူးခဲ့သည်အား သူအမှတ်ရလိုက်သည်။ အဲဒါက သူ့မိသားစုပိုင်သော တောင်ကြားတစ်ခု၏အနီးရှိ မြစ်ကမ်းဘေးတွင်ဖြစ်သည်။ ထိုနေရာက သီးသန့်နေချင်သောအချိန်တွင် သွားတတ်သော သူတို့နှစ်ယောက်တည်းသာ သိသည့် လျုှိ့ဝှက်နေရာတစ်ခုဖြစ်သည်။
YOU ARE READING
ပြန်ပေးဆပ်ရမယ်