6. Ch 3.1

15.8K 1.7K 9
                                    

ကဲကဲ လာပါပြီ 😁

________________________

' ကျွန်တော် သူ့ကို ဒီလောက်မြိုးမြိုးမြန်မြန် တွေ့ရမယ် မထင်မိဘူး။ Jiang Tian ခြိမ်းခြောက်မှုပါတဲ့လှောင်ပြုံးပြုံးမပြမိဖို့ ကြိုးစားဖုံးကွယ်နေရတယ်။သူ ဘဝကူးပြောင်းတာမှတစ်နေမကုန်သေးဘူး သူ့ရဲ့ရန်သူကို တွေ့နေနှင့်ပြီ။သူ့ဘေးက ရုပ်ရှင်ဆန်တဲ့ကံကောင်းမှုကို ဘယ်သူတွေးမိမှာလဲ။ငါ့ကိုရှင်းထုတ်နိုင်ခဲ့တာတောင် မင်းကဒုတိယဇာတ်ဆောင်ဘဝမှာသာ ရှိနေတုန်းပဲ။မကြာခင်မှာ မင်းကိုကျော်တက်ရအောင် ငါအာမခံတယ်။'

"ဟယ်လို.. Ju Ren အစမ်းစစ်ဆေးတာ ဘယ်လိုဖြစ်သွားလဲ" လို့ Wei Yu က အပြုံးနဲ့မေးတယ်။ သူက သူ့အသံရဲ့ လေပေါက်ကို ဖုံးကွယ်ဖို့ကြိုးစားနေပေမဲ့ မင်းတို့က ငါ့အောက်ကဆိုတာကို ထုတ်ပြနေမှန်း Jiang Tian ချက်ချင်းပြောနိုင်တယ်။ အတိတ်မှာတုန်းကဆိုရင်တော့ ဒါကို သံသယတစ်စုံတစ်ရာ ဖြစ်နေမှာမဟုတ်ဘူးဆိုတာ Jiang Tian အနေနဲ့ မေးခွန်းထုတ်နေစရာတောင်မလိုဘူး။ Wei Yu ရဲ့မျက်နှာအစစ်(စိတ်ဓာတ်) ကိုမြင်တွေ့ပြီးတဲ့အခါမှာတော့ အကြံသမား သိုက်တူးသမား ဘာလဲဆိုတာကို ဖော်ပြဖို့အတွက်ဆိုရင် Wei Yuကိုသာ ဆွဲပြရလိမ့်မယ်။

" အားလုံးကကောင်းကောင်းမွန်မွန်ပဲပြီးသွားတယ်။ ဒီ့မတိုင်ခင်က အားလုံးဟာတော်ကြပေမဲ့ နောက်ဆုံးမှာတော့ အစစ်အမှန်ထူးချွန်သူတစ်ယောက် ထွက်လာပြီ" လို့
Ju Ren က ခပ်မြူးမြူးလေးပြောတယ်။

"ဒါဆို ဘယ်သူပါလိမ့်" Wei Yuဆီက မေးသံထွက်လာတယ်။Jiang Tian က ကောင်းကောင်းသိတယ်။ Ju Ren က အရမ်းဇီဇာကြောင်တဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ဆီကနေ အခြားတစ်ယောက်ကို အနည်းငယ်မျှချီးကျူးဖို့ဆိုတာ လွယ်လှတာမဟုတ်ဘူး။ဒါက ဘာကိုဆိုလိုသလဲဆိုရင် သူ့ဆီကနေနည်းနည်းလေးချီးကျူးလိုက်တာနဲ့ Wei Yuဆီကနေ အများကြီးအာရုံစိုက်မှုရလာမယ်ဆိုလိုတာပဲ။ Wei Yu ဆိုတာ အကြံကြီးကျယ်ပက်စက်သူတစ်ယောက်။သူ့အနေနဲ့ သူ့ရဲ့နေရာကိုခြိမ်းခြောက်လာတယ်လိုယူဆတာနဲ့သူတို့ကိုဖယ်ရှားဖို့ကြိုးစားလိမ့်မယ်။Jiang Tianအနေနဲ့ Wei Yu ဒီလူတွေကိုဖယ်ရှားဖို့ အမြဲတမ်းဘယ်လောက်ကူညီခဲ့ရသလဲဆိုတဲ့အတွေးကို တွေးမိပြီး အသံတိတ်ရယ်နေခဲ့တယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now