34. Ch 23

7.4K 1.1K 38
                                    

Uni

"အသံမပေးဘာမပေးနဲ့ ဒီလိုကပ်လာစရာလားဗျ!" လို့ Zi Youက ခပ်ကြိတ်ကြိတ်ပိတ်ဟောက်လိုက်တယ်။

ခုနကဆို သူ့အရှေ့မှာ သရဲတစ်ကောင် လာရပ်နေတယ်လို့ကို ထင်လိုက်မိတာ။ သို့သော်လည်း တစ္ဆေတစ်ကောင်မဟုတ်ခဲ့ရပါ။ လူတစ်ယောက်သာ....အဲဒါ Meng Shu...

"sorry" လို့ Meng Shu က ခပ်တိုးတိုးပြန်ပြောတယ်။ သူက အလွန်စိတ်လွတ်သွားပြီး သူဘာလုပ်ဖို့ လာတယ်ဆိုတာကို ပြောဖို့တောင် မေ့နေပြီး Zi You ကိုကြည့်နေတယ်။

"ကောင်းပြီလေ....နောက်တစ်ခါတော့ ဒီလို ဒီလိုမလုပ်နဲ့ မဟုတ်ရင် ငါ့လိပ်ပြာလေး လွင့်သွားတော့မယ်" လို့ ဟာသနှောပြီးပြောလိုက်တယ်။

အဲဒါက လင်းလင်းချင်းချင်းကြီးမှာဆိုရင် သူလည်းအဲလောက်ကြီး ထိတ်လန့်မိခဲ့မှာမဟုတ်ဘူး။ အခုက မှောင်နေတဲ့အပြင် သူ့အနေနဲ့လည်း အခြားတစုံတစ်ယောက်ရဲ့ တည်ရှိမှုကို သဲသဲကွဲကွဲ မမြင်ရနိုင်ဘူး။

ဒါကိုကြားတော့ Meng Shu လည်း မချိသွားဖြဲလေးသာ ပြုနိုင်တော့တယ်။

"ကောင်းပြီလေ...ဂွတ်နိုက်၊ ကောင်းကောင်းနားပါ...ငါလည်း အိပ်တော့မယ်" လို့ Zi You က ပြောပြီး သမ်းဝေတာကို ကာလိုက်တယ်။

Zi You ထွက်သွားတော့ ဧည့်ခန်းထဲမှာ Meng Shu တစ်ယောက်သာ ကျန်ခဲ့တယ်။ မိနစ်အနည်းငယ်တိတ်တဆိတ်ကျန်ခဲ့ပြီး Meng Shu လည်း သူ့အခန်းဆီသို့ သွားဖို့လုပ်တယ်။

သို့သော်လည်း...ပထမဆုံး Zi You ရဲ့ အခန်းရှေ့ကနေ ဖြတ်ကာ အတွင်းသို့ ချောင်း၍ကြည့်တယ်။ စောင်ပုံကြီးအောက်ကို လျှို ၊နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ Zi You ရဲ့ ပုံရိပ်ကို မြင်ရတဲ့အခါ မအောင့်နိုင်ပဲ ပြုံးလိုက်မိတယ်။

'Good night' လို့ စိတ်ထဲကပြောကာ တံခါးကိုပိတ် ၊ အပြီးမှာ ထွက်ခွာသွားပါတော့တယ်။

Zi You က အွန်လိုင်းမှာ နောက်ဆုံးရ သတင်းတွေကို ရှာဖွေပြီးတော့မှ အိပ်ပျော်သွားတာ။ ဘာသတင်းမှ သူရှာမတွေ့တာကြောင့် ဖုန်းကိုချပြီး အိပ်ခဲ့တာဖြစ်တယ်။

သို့သော်
ညခင်းတစ်လျှောက်လုံး သူ နိုးဟယ်နိုးဟယ်ဖြစ်နေတာ။ မိနစ်သုံးဆယ်ထက် ကြာကြာ အိပ်ပျော်သွားတယ်လို့ကိုမရှိဘူး။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now