10. Ch 5

12.2K 1.4K 32
                                    


ယေ့ယေ့ .....

အများကြီး upရတာ ပျော်တယ် 😁😁😁

______________________________

အထဲကို Jiang Tian ဝင်လာတဲ့အခါမှာ အရာတော်တော်များများကို သတိပြုမိတယ်။အခန်းက ကြီးမားပြီးကျယ်ဝန်းတယ်။အားလုံးက သပ်ရပ်ပြီးတော့ စနစ်တကျရှိတယ်။အလယ်မှာတော့ ကြီးမားတဲ့ စားပွဲခုံ ကြီး။ ကော်ဖီစားပွဲရဲ့ ဘေးမှာတော့ နှစ်ခုတွဲဆိုဖာကြီးတစ်စုံ။ ပြတင်းကနေဝင်လာတဲ့ နေရောင်ခြည်ကတော့ သူ့မျက်နှာပေါ် တည့်တည့်ကျနေတယ်။ထိုးနေတဲ့နေရဲ့ အလင်းရောင်ကို မရင်းနှီးသေး
လု့ိ ပထမမှာ သူ့မျက်လုံးတွေက မြင်ရရုံသာရှိသော်လည်း နောက်ဆုံးမှာ တဖန်ပြန်မြင်နိုင်လာတဲ့အတွက် သူ ပင့်သက်ရှူ လိုက်မိတယ်။

စားပွဲခုံနောက်က ကုလားထိုင်မှာ ငယ်ရွယ်ပြီးချောမောတဲ့ သူတစ်ယောက်ထိုင်နေတယ်။ လူငယ်လေးမှာ ကျောက်စိမ်းဖြူရောင် အသားအရေ ရှိတယ်။သူ့အသားကို ထိလိုက်ရင် တအားနူးညံ့မယ့်ပုံပေါ်တယ်။ သူ့မှာ ကွေးနေတဲ့ မျက်ခုံးတွေနဲ့ နီရဲနေတဲ့ နှုတ်ခမ်းသားပြည့်ပြည့်တွေရှိတယ်။ အားလုံးခြုံပြောရရင် ဒီလူကချောပါတယ်။ ဒါပေမဲ့ အတိတ်နိမိတ်မကောင်းတဲ့ လေထု သူ့ဘေးနားမှာဝန်းရံနေတာကို အထင်းသားမြင်နေရအောင် ဘာကလုပ်ထားတာလဲ။


ဒီလူက Wei Yu နဲ့မတူဘူး။ Jiang Tian မြင်ဖူးသမျှ ဘယ်သူမှလည်း ဒီလူနဲ့ အဟုတ်ကိုမတူဘူး။ထိုလူနဲ့ နီးကပ်လာတာနဲ့အမျှ မင်းအနေနဲ့ တစ်နေရာရာမှာ အန္တရာယ်ရှိလာသလို ခံစားရစေတယ်။ အဲဒါက မင်းအနေနဲ့ သူရဲ့ဝေးရာကို ထွက်ပြေးပြီး ဘယ်တော့မှ ပြန်မလာသင့်ဘူးလို့ ခံစားရအောင်ပြုနိုင်စွမ်းရှိတယ်။ သို့ပေမဲ့ အဲဒါတောင်
သူရဲ့ ရည်မှန်းချက် သို့မဟုတ် သူ့ရဲ့ကလဲ့စားကို ပြီးပြတ်အောင်လုပ်ဖို့ Jiang Tian အနေနဲ့ လိုအပ်နေတုန်းပဲ။

သူ Ju Renနောက်က လိုက်ပြီး ဒီလူ့ဆီကို ပိုနီးအောင်လျှောက်လာကြတယ်။ သူတို့နှစ်ယောက် ဒီလူ့ရဲ့ ရှေ့တည့်တည့်ကိုရောက်တဲ့ အခါမှသာ ရပ်လိုက်ကြတယ်။

" ဟေး Xu Ming ၊ ငါ ငါတို့အတွက် နောက်ထပ် ပါရမီရှိတဲ့ သရုပ်ဆောင်တစ်ယောက်ရခဲ့တယ်"

ပြန်ပေးဆပ်ရမယ်Where stories live. Discover now