5. Ch 2.2

15.6K 1.7K 7
                                    


ကျွန်တော် အလုပ်မအားလို့ update တွေကြာနေရင် သည်းခံပေးကြပါဗျ...

_________________________

"Wu Xi Ru"

သူ့နာမည်ကိုအော်ခေါ်သံကြားလို့
သူထရပ်ပြီးတော့ ထိုအမျိုးသားဆီသို့ စတင်လျှောက်သွားတယ်။
အမျိုးသားက သူ့ကို အကဲဖြတ်သုံးဦးထိုင်နေတဲ့ အခြားအခန်းတစ်ခုဆီ ခေါ်ဆောင်သွားပါတယ်။ထို့နောက်သူ့ကိုယ်သူစတင်မိတ်ဆက်လိုက်တယ်။

"ကျွန်တော့နာမည်က Wu Xi Ru၊ အသက်က ၁၉ နှစ်ရှိပါပြီ။ ကျွန်တော် 'မျက်ရည်တစ်စက်မကျဘဲ' ရဲ့ နောက်ဆုံးဇာတ်ကွက်ကို သရုပ်ဆောင်ပြပါ့မယ်။ ' မျက်ရည်တစ်စက်မကျဘဲ ' ဟာ နောက်ထပ်တစ်စုံတစ်ယောက်ကြောင့် သူ့ရဲ့ချစ်သူကို သစ္စဖောက်ခဲ့ပြီးမှသူ အလိမ်ခံရတာကို သိရှိခဲ့ရတဲ့ အမျိုးသားတစ်ယာက်အကြောင်း သမိုင်းနောက်ခံ
ကိုရိုက်ကူးတဲ့ဒရာမာတစ်ပုဒ်ဖြစ်ပါတယ်။အမျိုးသမီးကတော့ ဝမ်းနည်းခြင်းကို နှလုံးသားမှာပိုက်ပြီး ချောက်ကမ်းပါးကနေခုန်ချလို့ သေကြောင်းကြံစည်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ စထွက်လာတုန်းက တရုတ်ပြည်ရဲ့ လူအများစုကြည့်ရှုခဲ့ကြတဲ့ ဒရာမာတစ်ပုဒ်ဖြစ်ပြီး အမြဲတမ်းလည်း အများဆုံးကြည့်ရှုခံရသော ဒရာမာတစ်ပုဒ်ဖြစ်တယ်။
နောက်ဆုံးဇာတ်ကွက်ဟာ ဇာတ်လိုက်မင်းသမီးသေသွားတဲ့အခါ
ဇာတ်လိုက်မင်းသားက သူ့ရဲ့ ဝမ်းပန်းတနည်းဖြစ်ရခြင်းတွေကို သူ့ရဲ့သူငယ်ချင်းကို ပြောပြတဲ့အကြောင်းပဲဖြစ်တယ်။

အကဲဖြတ်တွေရဲ့မျက်လုံးများဟာ တောက်ပလို့သွားလေတယ်။ ဘာလို့လဲဆိုတော့ ဒီနောက်ဆုံးဇာတ်ကွက်ဟာ သဏ္ဌာန်လုပ်ဖို့ အင်မတန်ခက်ခဲလှတယ်။ သင်ကဒီဇာတ်ကွက်ကို သရုပ်ဆောင်မယ်ဆိုရင် ခံစားချက်ပေါင်းစုံကို မျက်နှာမှာဖော်ပြနိုင်ရမှာဖြစ်ပြီး ငိုရှိုက်ဖို့လည်းလိုအပ်တယ်။ ဒါဟာ သရုပ်ဆောင်အရွေးခံသူတွေအတွက် တကယ့်စိန်ခေါ်မှု ကြီးဖြစ်လိမ့်မယ်ဆိုတာ သူတု့ိအားလုံးသိတယ်။

ကျောင်ထျန့်ဟာ သူ့ရဲ့ခေါင်းစဉ်ကို မတင်ပြခင်မှာ ထိုင်ခုံတစ်လုံးကိုဆွဲယူထိုက်လိုက်တယ်။ သူ့ရဲ့မျက်နှာမှာတော့ စိတ်ခံချက်ပေါင်းစုံပေါ်လာပြီး ဝမ်းနည်းခြင်းခံစားချက်ကတော့ အပေါ်လွင်ဆုံးပဲဖြစ်တယ်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now