16. Ch 10.1

9.1K 1.1K 28
                                    

Uni

htoo-6 ကို အထူးချစ် ပါ 😘

_________________________________

ကားက သူရဲ့ အတိတ်က ကားနဲ့တော့မတူပေမဲ့ အခြားသော ဆယ်လီဖြစ်တဲ့ကားတွေနဲ့ယှဉ်ရင် မြန်နေသေးပါတယ်။ သူမောင်းလာချိန်မှာတော့ သူ့ရဲ့ကားဟာ လူတွေရဲ့မျက်လုံးများကို ဆွဲဆောင်လို့နေတယ်။
အင်တာတိန်းမန့်ဝင်းထဲကို သူမောင်းဝင်လာချိန်ကစလို့လည်း Longyueကလူတွေရဲ့ အကြည့်ကို ဆွဲငင်ပြန်တာပဲ။ လူတိုင်းက ကားကိုကြည့်ဖို့ပြေးထွက်လာကြတယ်။ ဒီကားဟာ ဈေးမြောက်လှတယ်။ဒါကို သူတို့ ကောင်းကောင်းသိတာပေါ့။

Xu Mingဟာ ဘာဖြစ်နေကြတာလဲဆိုတာကို သိဖို့ အပြင်ကိုထွက်လာခဲ့တယ်။ Longyueအင်တာတိန်းမန့်ရဲ့ သူဌေးတစ်ယောက်အနေနဲ့ သူ ယခင်က ဒါမျိုးအခြေအနေကို လုံးဝမမြင်ဖူးခဲ့ဘူး။
Rolls-Royce Wraith ကားတစ်စင်း ပါကင်ထိုးလာပြီး သူ့ရဲ့ အလုပ်သမားတွေဟာလည်း ဘေးကဝိုင်းလို့နေတယ်။ သူ့ရဲ့မျက်လုံးတွေ ပြူးလာတယ်။သူတောင်မှ ဒီလိုဈေးနဲ့ ကားမျိုးအတွက် အကုန်အကျမခံနိုင်ဘူး။ ဒါဆို ကားထဲမှာရှိနေတာ ဘယ်သူလဲ။

သူဟာ ထိုလူကိုအနီးကပ်ကြည့်ရှုဖို့အတွက် လူအုပ်ကြီးထဲကိုတိုးဝှေ့ဝင်သွားတယ်။ လှမ်းကြည့်ဖို့ရာ ကလည်း ကားရဲ့မှန်တွေက နက်မှောင်လို့နေလေတယ်။ သူ လူတိုင်းရဲ့ အရှေ့ကိုလည်းရောက်သွားရော ကားတံခါးဟာ တဖြည်းဖြည်းပွင့်လို့လာပါတယ်။

ကားထဲမှာရှိနေတာက Zi you။ လူတွေဝိုင်းအုံလို့နေပေမဲ့ အနည်းငယ်မှ ဂရုမစိုက်ဘူး။ လူတွေပေါ်က သူ့မျက်လုံးဟာ သူ့မြင်ကွင်းထဲမှာ Xu Mingပေါ်မလာခင် အထိပဲရှိတယ်။ အပြင်ကလူတွေက သူ့ကိုမမြင်ရဘူးဆိုသော်လည်း ဒါက သူကနေ သူတို့ကို မမြင်ရဘူးလို့မဆိုလိုဘူး။ သူ ပြုံးပြီးတော့ တံခါးကိုဖွင့်ကာ လှမ်းထွက်လိုက်တယ်။

လူတိုင်းရဲ့ မျက်နှာမှာ တဒင်္ဂတော့ ကြက်သေသေသွားကြတယ်။ မင်းသာ ဈေးကြီးတဲ့ကားကြီးထဲကနေ လူချောလေးတစ်ယောက်ထွက်လာတာမြင်မယ်ဆိုရင် မင်းရဲ့ ပထမဆုံးတုန့်ပြန်မှုက ဘယ်လိုများဖြစ်မှာပါလိမ့်?။ ရှော့ခ်...?။

လူတွေက ပြုံးနေတဲ့ ကောင်လေး သူတို့လူအုပ်ရှေ့ လျှောက်မလာခင်အထိကို ရပ်ကြည့်နေခဲ့ကြတာ။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now