Uni
သူ့ခေါင်းထဲမှာ လက်ခနဲ အလင်းရမသွားခင်အထိ Zi Youတစ်ယောက် စိမ်ပြေနပြေ တွေးနေခဲ့တာဖြစ်တယ်။ အင်း... Gravity ရဲ့ အဖွဲ့သားအားလုံး(အနည်းဆုံးသုံးယောက်)လောက်ကတော သူတို့ရဲ့ ဘဝမှာ ဆိုးရွားတဲ့ အတွေ့အကြုံတွေရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရပြီးပြီ။
သူ့စိတ်ထဲမှာ Gravity ကို ဘာလို့ဖွဲ့စည်းခဲ့တာလဲ အတွေးပွားနေခဲ့တယ်။
'နေပါဦး။ နောက်ထပ် ငါ့လည်း ဒီgroup ထဲ ဘာလို့ ထည့်ရတာလဲ'
နောက်ဆုံးတော့လည်း သူအဖြေရှာဖို့ လက်မြှောက်လိုက်ရပြန်တာပဲ။
သူ့အ ပေါ် ရောင်ပြန်ကျနေတဲ့ အနက်ရောင် တဖိတ်ဖိတ် အာကာပြင်ကို ကြည့်ဖို့ ပြတင်းရဲ့ အပြင်ကို ငေးလိုက်တယ်။ သူ့ရဲ့ အစာအိမ်ကနေ တဂွီဂွီစမြည်လာမှသာ Zi You လည်း ဒင်နာစားဖို့သတိရတော့တယ်။
သူ သူ့ရဲ့အခန်းကနေ အေးအေးလူလူ တစ်လှမ်းချင်းလျှောက်လာပြီး မီးဖိုခန်းရှိရာ အထပ်ကို ဆင်းလာတယ်။ အဲ့အခါမှ မျက်နှာပေါ်ကို မျက်ရည်တွေတွေ သွန်ကျမလာအောင် အားတင်းတိုက်ခိုက်နေရတဲ့ Cheng Wu တို့ ၊ Wen Wei တို့ ရဲ့ မျက်တွေကို မြင်ရလေတယ်။
(TN. အေ့လေ ခလေးတွေကိုပစ်ထားတာကိုး အိမ်ရှင်မရှိတော့ မစားရဲကြသေးဘူးပေါ့။)
သူတို့ဆီ လျှောက်သွားလိုက်ရင်း အပြုံး မမည်တဲ့ အပြုံးတစ်ခု လှစ်
ခနဲ ပြုံးမိတယ်။( TN. ကွီးထူးကို ပြုံးပြပါလား အဲလို)
" နောက်ဆုံးတော့ မင်းဆင်းလာပြီ။ ထိုင်လိုက်ဦး။ ငါ အခုတင် ဒင်နာ အတွက် ချက်နေတာ။"လို့ ကြက်ဥခေါက်ကြော်ကို လုပ်လက်စကနေ ခေါင်းလှည့်ပြီး Lu Yin ကပြောလာတယ်။
သူ Wen Weiရဲ့ ဘေးခုံမှာ ဝင်ထိုင်လိုက်တယ်။ ဘာလို့လဲဆို Wen Weiရဲ့ပုံက ရင်းနှီးဖို့လွယ်ကူပြီး သူ့အပေါ် အခြားသူတွေလောက် စိမ်းသက်မနေလို့။
" ဟေး..မင်း တကယ်ကြီး ဒီအိမ်ကို ပိုင်တာ ဟုတ်လား"
Zi Youမှ ထိုင် မထိုင်ရသေးခင်ဘဲ Wen Weiက ထမေးတယ်။
Zi Youလည်း Wen Weiရဲ့ ပါးတွေကို ကိုင်ပြီး ဖျစ်ညှစ်ပစ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရတယ်။
YOU ARE READING
ပြန်ပေးဆပ်ရမယ်