Uni
သူတို့ အလုံးစုံဖွင့်ဟပြောပြီးနောက် ငါးရက်ကြာသွားပြီဖြစ်သည်။ တစ်ရက်ကုန်သွားလေ သူတို့၏ဆက်ဆံရေးကလည်း ပိုမိုတွယ်တာလေဖြစ်သည်။ Zi You သူ၏အိမ်မှ Lui Yun၏အိမ်သို့ ပြောင်းလာခဲ့သည်။ မပြောင်းခင်ကတည်းက အခြားသူများကို ဦးစွာ သေသေချာချာပြောခဲ့ပြီးဖြစ်သည်။
Lui Yun ကိုလည်း သူ့အခန်းထဲက ပုံအတော်များများ ဖယ်ရှားခိုင်းရ
သေးသည်။ Zi You မှာ သူနှင့် တစ်ခန်းတည်း နေမည်ဖြစ်ရာ သင်တို့ဆိုလျှင်တော့မသိ..Zi You အတွက်မူ ကိုယ့်ပုံတွေခန်းလုံးပြည့်ဖြစ်နေသော အခန်းထဲတွင် အိပ်ရန်မှာ ကြောင်တောင်တောင်နိုင်လှသည်။သူတို့၏ ဒရာမာ 'As Time Passes' မှာလည်း တရုတ်ပြည်တလွှားကျော်ကြားလာရာ သူ့အား ပထမအဆင့်သရုပ်ဆောင်တစ်ဦး ဖြစ်လာစေသည်။ သူက Weibo တွင်သွား၍ fan များနှင့် ဒရာမာကို ကြည့်ရှုအားပေးသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ကြောင်းပြောခဲ့သည်။
လတ်တလော မီဒီယာများတွင်လည်း သူနှင့် Lui Yun တို့ တွဲကောင်းတွဲနေနိုင်ကြောင်း ဘယ်သို့ဘယ်ပုံ သတင်းများ တစ်စွန်းတစ ထွက်ပေါ်လာသည်။ သူတို့ အမှန်အတိုင်းသိသွားလျှင်ပင် သူရော Lui Yunပါ တကယ်ဂရုမစိုက်ပေ။
ယခုလို လိင်တူချင်းတွဲနေသော ဆယ်လီများမှာ မရှားလှ၊ သူတို့ချည်းသာမဟုတ် ။ဒါက သူလိုကိုယ်လိုပဲ ဖြစ်သည်။ဒိတ်နေသည့်သတင်းများထွက်ပေါ်လာသည့်အခါတွင်လည်း သူတို့ကိုယ်သူတို့ လုံးဝမဖုံးကွယ်။ အရှိအတိုင်းပြောရလျှင် သူတို့နှစ်ဦးစလုံး တစ်ဦးအပေါ်တစ်ဦး ကြင်နာပေးရန် အချစ်များစွာရှိသည်မဟုတ်ပါလား။
ယနေ့တွင် Xu Ming ဦးဆောင်ကျင်းပသည့် ပါတီပွဲတစ်ခုသို့ သူတို့သွားမည်။ ဆယ်လီအများစုကို ဖိတ်ကြားသည့် ပါတီ တစ်ခုဖြစ်၏။ Zi You ရော Lui Yun ရောက ဆယ်လီများဖြစ်ရာ သူတို့လည်း တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။
ယခုလက်ရှိတွင် Zi You က မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အထည်သားက တကယ်နူးညံ့ပြီး ချုပ်ရိုးချုပ်သားက တိကျ၏။ ဝတ်စုံက သူ၏ အနည်းငယ်ကျစ်လျစ်သော ကိုယ်ဟန် ကို ပေါ်လွင်စေပြီး ပါးလျသည့် ကောက်ကြောင်းအသွယ်သွယ်ကို ထင်ရှားစေသည်။ သူ၏ ပုလဲရောင်အသားအရေက တောက်ပလျက် ရွှေရောင်မျက်ဝန်းမှာပင် ရောင်ပြန်ဟပ်နေသည့်နှယ် ထင်ရသည်။ Zi You အတွက်မူ ပွဲတက်ရလျှင်
သက်သောင့်သက်သာမရှိသော်လည်း ပါတီကတော့ သင်တို့တွေးထားသလို ခမ်းနားလိမ့်မည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက မြှောက်ပြောဖို့နှင့် ဖြီးပြဖို့ပင်။
YOU ARE READING
ပြန်ပေးဆပ်ရမယ်