47. Announcement

2.9K 254 14
                                    

Unicode

အားလုံး မင်္ဂလာပါဗျ 🙏
Payback အကြောင်းလေးပြောပြချင်လို့ပါ။
Payback ကိုစရေးတော့ ဇော်ဂျီခေတ်ပေါ့နော်...ဇာတ်ကောင်တွေရဲ့ နာမည်တွေကိုလည်း အသံထွက်ကို မြန်မာလိုရေးခဲ့ပါတယ်။
နောက်...ကျွန်တော် ဖုန်းအကြီးကပျက်သွားတော့ နောက်ကိုင်တဲ့ ဖုန်းလေးက သေးလို့ စာရိုက်ရတာ အဆင်မပြေတဲ့အတွက် မရေးတာ အတော်ကြီးကြာသွားပါတယ်။ laptop ရှိပေမဲ့ မြန်မာလိုမရိုက်တတ်ပါဘူး။
ပြန်ရေးမယ်လုပ်ပြန်တော့ ယူနီကုတ်ခေတ်ရောက်သွားပြီ။ ယူနီကုတ်လို စာပြန်ရိုက်ရမှာစိုးပြီး Payback ကို ပစ်ထားခဲ့ပြန်ပါတယ်။ နောက်ကျမှ ကီးဘုတ်မှာတင် ဇော်ဂျီ ယူနီ ပြောင်းလို့ရတာသိခဲ့တယ်။ သိတော့...အပိုင်းတွေကို ဇော်ဂျီဖျက်ပြီး ယူနီကုတ် လိုက်ပြောင်းလိုက်ပါတယ်။ ဒါပေမဲ့ ဇော်ဂျီဆက်သုံးနေသေးတဲ့ ရီဒါလေးတွေရှိသေးတယ်ဗျ။ သူတို့က ဇော်ဂျီပြန်ထားပေးပါဦးလို့ပြောတယ်။ ကံမကောင်းချင်တော့ စာတွေက ဇော်ဂျီကနေ ယူနီကုတ်ကိုပြောင်းရင် မှန်သေးတယ်...အဲ တစ်ခါပြောင်းပြီးသား ယူနီကုတ်ကို ဇော်ဂျီလည်းပြန်လုပ်ချင်ရော...လုံးဝမမှန်တော့ပါဘူး။ ဆိုတော့ Payback ရဲ့အပိုင်းတွေက ဇာ်ဂျီတစ်ဝက် ယူနီတစ်ဝက်ဖြစ်ကုန်တယ်ပေါ့နော်။ ဒါကတစ်ချက်။
နောက်တစ်ချက်က ဇာတ်ကောင်နာမည်တွေကို မြန်မာလိုရေးထားတဲ့ ကိစ္စ..ကျွန်တော်ဖလှယ်ထားတဲ့အသံတွေက pinyin နဲ့မကိုက်ဘဲ မှားတာတွေပါနေရော...ဆိုတော့ pinyin တတ်တဲ့သူတွေရဲ့မျက်စိထဲမှာ အသံထွက်မှားကြီးတွေဖြစ်နေတာပေါ့နော်...တစ်မျိုးကြီးပေါ့။ အဲဒါနဲ့ပဲ မကောင်းပါဘူးလေဆိုပြီး နောက်ပိုင်းရေးတဲ့အပိုင်းတွေမှာ eng လိုပဲဆက်ရေးခဲ့ပါတယ်။ အပေါ်က မြန်မာလိုတွေကို တဖြည်းဖြည်းချင်းပြန်ပြင်မယ်ဆိုတဲ့စိတ်ကူးနဲ့ပါ။ ပြန်ပြင်ရတာလည်း နာမည်တွေအများကြီး ဆိုတော့ လက်ဝင်တဲ့အတွက် ပြင်မပြီးပဲ တန်းလန်းဖြစ်သွားတယ်။ အဲဒီအခါလာပြောကြတယ်ပေါ့နော်...နာမည်ကိုမြန်မာလိုရေးလိုက် eng လိုရေးလိုက်ဆိုတော့ ရောကုန်လို့ အဆင်မပြေလို့
ပါတဲ့။ ဟုတ်ကဲ့ အဲဒါနဲ့ အခု eng လို အကုန်လုပ်လိုက်ပါပြီ။ eng လို လုပ်လိုက်တော့လည်း ရီဒါအသစ်လေးတွေမှာ မှတ်ရခက်လို့ မြန်မာလိုပြန်ပြင်ပေးစေချင်တယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်လည်း ပြန်ပြင်ဖို့အဆင်မပြေတော့လို့ပါ။ ဖတ်ပါများရင် မှတ်ရလွယ်သွားပါလိမ့်မယ်နော်...အသံထွက်ကို ကိုယ့်သငေ်္ကတလေးနဲ့ကိုယ်အရင်မှတ်ပါလို့ အကြံပေးပါရစေ။
နောက်ပြီး အပိုင်းအားလုံးလည်း ယူနီကုတ်ရော ဇော်ဂျီရော ထည့်ထားပြီးပါပြီ။ (အဆင်မပြေသေးရင် library ထဲကထုတ်ပြီး တော်တော်လေးကြာမှ ပြန်ထည့်ကြည့်ပါနော်)
အခုလို စာအရှည်ကြီးနဲ့ ရှင်းပြရတာက တစ်ယောက်ချင်းကို reply ​ပြန်ရတာထက်ပိုထိရောက်လို့ပါ။ ဘယ်သူ့ကိုမှငြိုငြင်လို့မဟုတ်ဘူးနော်...အဆင်မပြေရင် လာပြောပါ။ ကိုထူး အဆင်ပြေအောင်ကြိုးစားပေးပါ့မယ်။ နှစ်ချီပြီး ပစ်ထားတဲ့ ကိုထူးကိုလည်း ခင်ဗျားလေးတို့ မငြိုငြင်ဘူးဆိုတာသိပါတယ်ဗျ။ အပြန်အလှန်ချစ်ကြတယ်လေနော်...ဟုတ်ကဲ့ အားလုံးပဲ ကျိုင်းဇူးပါဗျ။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now