Uni
တိုလို့ ၂ ပိုင်း တင်ပေးတယ်နော်
.....peace ✌......
____________________
" မင်းပြောတာက သူက Rolls-Royce Wraith ကားကိုစီးပြီး အင်တာတိန်းမန့်မှာ ပေါ်လာတယ်။ ဟုတ်လား။ "
လူတစ်ယောက်က အခြားလူတစ်ယောက်ကို ဖုန်းထဲကနေမေးနေတယ်။ ထိုလူက ကြီးမားတဲ အခန်းတစ်ခုထဲမှာ ထိုင်နေပြီး ဝိုင်တစ်ခွက်ကို လက်ကကိုင်လို့ထားတယ်။" Yes sir, သူ အခုပဲ အင်တာတိန်းမန့်ကနေထွက်သွားပြီး ကားကိုစမောင်းနေပါပြီ။" တစ်ဖက်ကလူက ပြန်ဖြေတယ်။
" သူ့နောက်က လိုက်သွား"
ထိုလူက ခပ်ပြင်းပြင်း အမိန့်ပေးတယ်။ဖုန်းမချခင်မှာ " Yes, sir" လို့ တစ်ဖက်လူက ပြန်ပြောခဲ့တယ်။
အမေရိကန် ဒေါ်လာ 300,000 လောက်တန်တဲ့ ကားနဲ့ ပေါ်လာတယ်ပေါ့။ ဘယ်လို သရုပ်ဆောင်ပေါက်စမှ ဒီလိုကားမျိုး စီးဖို့ မတတ်နိုင်ဘူး။ Zi You.. မင်းက စိတ်ဝင်စားဖို့ကောင်းလာပြီ။ မျက်နှာမှာ ခပ်လှောင်လှောင်အပြုံးတစ်ခုပေါ်လာပြီး ထိုလူက တွေးတောနေတယ်။
_______________________
အချိန်က ဝေလီဝေလင်းသာရှိသေးသော်လည်း သူဝယ်မဲ့ အိမ်အသစ်ရဲ့ ပိုင်ရှင်ကို သွားရောက်တွေ့ဆုံဖို့ ဇိရုံ ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့ရဲ့အိမ်အသစ်က ဝေးတာမဟုတ်ဘူး။ အင်တာတိန်းမန့်ကနေတွက်ရင် ဆယ်မိနစ်စာ လောက်ပဲဝေးတယ်။ အချိန်ကမြန်မြန်ပဲကုန်သွားတယ်။ သူတောင် သတိမထားမိသေးခင်မှာပဲ အိမ်အသစ်ရဲ့ရှေ့ကို ကားက ရောက်လာပြီ။
သူကားထဲကထွက်လာတော့ အသက် ငါးဆယ်လောက်ရှိတဲ့ လူကြီးနဲ့ ဆုံတယ်။ လုပ်ငန်းကိစ္စမပြောခင် ထိုလူကြီးဆီကို အပြုံးနဲ့သူလျှောက်သွားလိုက်တယ်။
ထိုလူကြီးနောက်ကနေလိုက်ပြီး အိမ်ရဲ့တစ်ပတ်ကို သူတို့ပတ်ကြည့်ကြတယ်။ အိမ်ကြီးတကယ့်ကို ခန့်ငြားတယ်။သူ့ကို ညွှန်းဆိုထားတာတွေထက်တောင် ပိုရင်ပိုဦးမယ်။ အိမ်ကြီးက အဟုတ်ကိုကြီးလွန်းလို့ မင်းကသာ စင်္ကြံလမ်းတွေက ဘယ်ကိုရောက်သလဲ သိမထားပဲနဲ့ လျှောက်သွားမယ်ဆိုရင် လမ်းပျောက်သွားမှာ အသေအချာပဲ။ ကြည့်ရှုပြီးလို့ မပြန်ခင်မှာ သူ ထိုလူကြီးကို ငွေချေခဲ့တယ်။
အဲ့အိမ်မှာ အိပ်ခန်းပေါင်း ၇၀နဲ့ ၈၀ ကြားလောက်ပါဝင်ပြီး အနားယူခန်းတွေ အားလုံးကလည်း တစ်ခုနဲ့တစ်ခု မတူညီကြဘူး။ တစ်ခန်းက ရုပ်ရှင်ရုံအသေးစားလေးဆိုရင် နောက်တစ်ခန်းက gym ကစားတဲ့အခန်း ။ အဲလိုပေါ့ ။
မီးဖိုခန်းနဲ့ ဧည့်ခန်းတွေကလည်း ဧရာမကြီးတွေ။
YOU ARE READING
ပြန်ပေးဆပ်ရမယ်