14. Ch 9.1

9.5K 1.1K 34
                                    


ပျင်းနေပါသော

အလုပ်ရှုပ်နေပါသော

ငထူးလေး..... 😖

______________________________

Adele ရဲ့ 'Rolling in the deep' ကို တစ်လမ်းလုံးညည်းတွားရင်းနဲ့ Zi You သူ့တိုက်ခန်းကို ပြန်လာခဲ့သည်။။ မြန်မြန်လျှောက်လိုက် ဖွဖွပြေးလိုက်နဲ့။ သူစွမ်းသမျှ အားလုံးလုပ်ခဲ့ပြီးနောက် သူ့အိမ်ကို အမြန်ပြန်နေတာဟာ ထူးဆန်းတာတော့မဟုတ်ဘူး။ သူတကယ့်ကို လူတွေနဲ့အကြာကြီး စကားပြောခဲ့ပြီးပြီ။ တစ်လျှောက်လုံးလည်း ပြုံးရယ်နေခဲ့ရတာ။ အခုဆို သူ့ရဲ့ပါးတွေလည်း တောင်နေပြီမို့လို့ နည်းနည်းပြုံးဖို့ဆိုရင်တောင် အခက်တွေ့လှပြီ။ ပြီးရင်လည်း ပြုံးတဲ့ရုပ်ဟာ ကြောက်ဖွယ်အတိဖြစ်သွားမှာပဲ။

အိမ်ပြန်ရောက်ရောက်ချင်း ရေကို ဇိမ်ဆွဲပြီးချိုးပစ်လိုက်၏။ သူ့မှာ ဖြူဖွေးတဲ့အသားအရေ သွယ်လျတဲ့ခြေတံတွေ ကြံ့ခိုင်တဲ့ပေါင်တံတွေနဲ့ six pack ရေးရေးလေးတောင်ရှိသေးသည်။ Zi You ဟာ သူ့ရဲ့ခန္ဓာကိုယ်ကို အမွှမ်းတင်လို့မဆုံးဖြစ်လို့နေတော့သည်။ ပြီးတော့ သူ့ရဲ့ခါးမှာ တာဝါကို ပတ်ပြီးတော့ ရေချိုးခန်းထဲကထွက်လာပြီး အိပ်ခန်းသို့ဝင်ခဲ့၏။

ဗီရိုထဲကနေ သက်သောင့်သက်သာဖြစ်မဲ့ အဝတ်တစ်စုံကိုယူဝတ်လိုက်သည်။ ဒါတွေလည်းအားလုံးပြီးရော သူ့ရဲ့အစာအိမ်က စတင်အချက်ပြလို့လာပြီ။

ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်ပြီး သူမီးဖိုချောင်ထဲဝင်ခဲ့သည်။ ရေခဲသေတ္တာထဲမှာဘာတွေရှိလဲ။ အသီးအရွက်အချို့နဲ့ salad လုပ်ရာမှာပါဝင်တဲ့ ပစ္စည်းအချို့ကို လှမ်းဆွဲလိုက်၏။ သူက Jiang Tian ဘဝမှာကတည်းက ဟင်းရာချက်ပြုတ်စားဖို့ရာ မနှစ်သက်လှဘူး။ဒါကြောင့် သူဆာလောင်တိုင်း အသားနဲ့အရွက်တွေကို salad လုပ်စားလေ့ရှိတယ်။


လုပ်လို့လည်းပြီးသွားရော စားပွဲမှာမထိုင်ခင် laptop ကိိုပါတစ်ပါတည်းလှမ်းယူလိုက်သည်။ online ကနေရှာပြီး အိမ်တစ်လုံးဝယ်ဖို့်သူအလိုရှိလို့ပါ။

တွေ့ပါပြီ။ သူ့အကြိုက်အိမ်တစ်လုံး။ အထပ်ကလေးလွှာနဲ့ ခန်းဖွင့်က ၂၅ခန်း။ ကားဂိုဒေါင်က အစီးရေ၂၀ လောက်တော့ ကောင်းကောင်းဆံ့၏။ ဧရာမရေကူးကန်ကြီးပါရုံသာမက အသစ်စက်စက်တည်ဆောက်ထားတာလည်းပဲဖစ်သည်။

ပြန်ပေးဆပ်ရမယ်Where stories live. Discover now