Uni
Lui Yunက ဇာတ်ညွှန်းကိုဖတ်နေရင်း သူ့ sweet heart လေးရဲ့ မျက်ဝန်းတွေ ခက်ထန်လာတာကို မြင်ရုံနဲ့ တစ်စုံတစ်ရာတော့ မှားယွင်းနေပြီဆိုတာ သိပါပြီ။ သိသော်လည်း ထုတ်ဖော် မမေးရဲဘူး။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေနေ သူ့ sweet heart လေးဟာ အသက်ရှူမှားအောင် လှပနေဆဲပါ။ Lui Yun ခမြာ သူ့ sweet heart ရဲ့ မျက်နှာက ဒေါသကြောင့် ရှုံ့ မဲ့လာတာကို ကြည့်ရုံပဲ ကြည့်နေနိုင်ခဲ့ပါတယ်။
'Fu*k, this son of a bit*h. That stupid motherfu*ker, I hope he rots in he*l....., @#$*&..............."
Zi You ကိုကြည့်ရတာ Mu Yanက ဇာတ်ကောင်တစ်ယောက်ပဲဆိုတာကို မေ့လျော့သွားပြီး ပြင်ပက လူစင်စစ်တစ်ယောက်လို့ အထင်ရောက်နေပုံရပါတယ်။ Zi You ရဲ့ မျက်နှာ ဘာကြောင့် ခက်ထန်လာရသလဲဆိုတဲ့အကြောင်းကို အကယ်၍ တစ်စုံတစ်ယောက်က သူ့ခေါင်းထဲ ဝင်ကြည့်မယ်ဆို သေချာပေါက် ရှော့ခ်ရသွားမဲ့အဖြစ်။
သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် (တကယ်တော့ မတည်ငြိမ်သေး) ဘေးနားက ရေဘူးကို ယူပြီး လည်ချောင်းထဲကို အပြည့်လောင်းထည့်လိုက်တယ်။ ဒါမှ သူ့နှုတ်က အယုတ္တအနတ္တ တွေ ထွက်မလာမှာ။ သိပ်မခံပါဘူး ဆယ်မိနစ်လောက်ပဲ။
'စာရေးဆရာက Mu Yan နောက်ဆုံးမှာ အမှန်တရားရှာတွေ့သွားတဲ့အကြောင်းမျိုး ဆက်ရေးသင့်တယ်။ အဲဒါမှ သင်းရဲ့ ဝေဒနာ အဝဝကို ငါတို့ တဝဖတ်နိုင်မှာ'
_______
အဲဒီနေ့က သူတို့ ကောင်းမွန်တဲ့ scene ပေါင်း ၁၅ ခုကျော်ကျော်လောက် ရိုက်လို့ပြီးနေပြီ။ scene တွေရဲ့ အဆုံးမှာ Mu Yan, Jiang Xuနဲ့ သူတို့ရဲ့ ဘဝတွေကို ထောက်ပံ့ပုံဖော်ပေးမယ့် သီချင်းဂီတတွေနဲ့ ပံ့ပိုးထားတယ်။
Zi You ကJiang Xuရဲ့ ဖီလင်ကို ရှာတွေ့ခဲ့တာကြောင့် Jiang Xu နေရာကနေ ပိုမိုအသက်ဝင်စွာ သရုပ်ဆောင်နိုင်ခဲ့တယ်။
ဒါပေမဲ့ Zi You အာတွေ တော်တော်ခြောက်နေပြီ။ ဘာလို့ဆို scene ပေါင်းများစွာကို ထပ်ခါထပ်ခါ ပြန်လည်ရိုက်ကူးနေရလို့ဖြစ်တယ်။ များသောအားဖြင့် Lui Yun ဘက်ကမောက်ကမဖြစ်နေခဲ့တာဖြစ်ပြီး Zi You ဘက်က ဖြစ်တာခပ်ရှားရှားရယ်ပါ။ သို့သော် အခုထိလည်း သူက ကမောက်ကမဖြစ်နေဆဲပဲ။ ဒီလို စိတ်ပျက်စရာမျိုးကြုံကြည့်စမ်းပါ။ ဘယ်သူ ခံနိုင်မလဲ။
YOU ARE READING
ပြန်ပေးဆပ်ရမယ်