Presenterနဲ့စကားပြောနေရင်းမှ စင်အောက် ခပ်ဝေးဝေးတွင် လှမ်းကြည့်နေသော ကြယ့်ကိုကြည့်ပြီး
မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ကာ"တွေ့လားကြယ်.....
ငါ....ဘယ်လောက် နာမည်ကြီးလဲဆိုတာ......"
.
.
.ဒီတောသားလေးရဲ့ အထင်ကြီးမှုကို
ဘာလို့လိုချင်နေရတာလဲလို့ သူကိုယ်တိုင်လည်းမသိ။ကြယ့်သူ့ကိုမသိဘူးဆိုတာကို ချေမိုးလုံးဝမကျေနပ်နိုင်။
ကြယ့်ကိုခေါ်လာတာ ခိုင်းဖို့တစ်ခုတည်းမဟုတ်...
သူဘယ်လောက် နာမည်ကြီးတယ်ဆိုတာကို ပြချင်၍လည်းပါသည်။ကြည့်နေကြယ်....ကြည့်နေ....
အခုလောက်ဆိုမင်းသိပါပြီ.....ငါ့ကိုအထင်မသေးရဲ တော့ဘူးပေါ့.....ကိုယ့်အတွေးနဲ့ကိုယ် ချေမိုးပြုံးလိုက်မိတာကို
ပရိတ်သတ် ကောင်မလေးတွေမှာ စင်အောက်ကနေ
အော်ဟစ်ဆူညံကာ....သဘောကျနေကြလျှက်..."ဟာ....ထထမအော်ကြပါနဲ့ဟ....ငါလန့်လို့ပါ....."
ကိုယ့်နားကိုယ်ပြန်ကြားရုံလောက်လေး ပြောလိုက်တာကို
အနားမှာရှိနေတဲ့ ကောင်မလေးတစ်ယောက် ကြားသွားပြီး
ကြယ့်မှာ မျက်စောင်းထိုးတာကိုလည်း ခံလိုက်ရသေးသည်။ချေမိုးနှင့်စင်ပေါ်ကလူကတော့ စကားပြောနေကြတုန်း....
ကြယ်စောင့်နေရင်း စိတ်မရှည်လာတော့ပေ....။"ဟူး....မပြီးနိုင်တော့ဘူး....
ပြောလည်းပြောနိုင်ကြတယ်.....
ငါတောင် သူတို့ကြည့်ပြီး ရေဆာလာပြီ......"ပထမတော့ ဘယ်မှမသွားဘဲ စောင့်နေဖို့ စဉ်းစားမိသည်။
နောက်တော့ ရေအရမ်းဆာလာတာကြောင့် စင်အကြီးကြီးကို ပျောက်စရာအကြောင်းမရှိပါဘူးဟု တွေးကာ ရေရှာပုံတော်ဖွင့်တော့သည်။အဲ့ဒီ့အချိန် စင်ပေါ်ကနေ ကြယ့်အား ကြည့်နေသောချေမိုးမှာ.....
*ဘယ်သွားတာလဲ.........*
"ကိုချေမိုး......ကျွန်တော်ပြောတာ ကြားရဲ့လားမသိ....."
"အာ...ဟုတ်ကဲ့...ဆောရီး...ဘာပြောလိုက်တာလဲ....."
ကြယ့်ကိုငေးနေတာနဲ့ presenterပြောတာကိုတောင် မကြားနိုင်သော ချေမိုးအဖြစ်....
Presenterကတော့ ခေါင်းခါကာ ချေမိုးမကြားလိုက်တဲ့အတွက် ထပ်ပြောလိုက်ရသည်။
![](https://img.wattpad.com/cover/149106357-288-k750235.jpg)
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........