Part 21(Unicode)

10.6K 998 4
                                    

ကားနားမှာ ငုတ်တုတ်ထိုင်နေရင်း မြေကြီးတွေကို သစ်ကိုင်းခြောက်လေးနှင့် ထိုးဆွနေသော ကြယ်.....

မျက်ဝန်းထဲမှာလည်း မျက်ရည်တွေအပြည့်.....

"မျက်ရည်ကျနေရအောင်
မင်းယောကျ်ား မဟုတ်ဘူးလား..."

တစ်ယောက်ထဲ ရေရွတ်နေရင်း မျက်ရည်တွေကို လက်မောင်းနှင့် သုတ်ပစ်လိုက်သည်။

ကိုယ်ချစ်တဲ့သူတစ်ယောက်ကို အခြားသူထိတွေ့တာ
မမြင်ချင်တာ ကျွန်တော့အမှားလား.....။

ဟုတ်ပါတယ်...သဝန်တိုခွင့်မရှိပေမဲ့...
သူက ယောကျ်ားလေးတစ်ယောက် ဖြစ်နေပေမဲ့
ကျွန်တော်သူ့ကို တန်ဖိုးထားတယ်...၊မြတ်နိုးတယ်....။
.
.

"အ........."

နှုတ်ခမ်းထောင့်က ဒဏ်ရာကို စမ်းကြည့်လိုက်တော့
အာမေဋိတ်သံ ထွက်သွားသည်က နာသောကြောင့်ပင်....။

အသားပေါ်ကဒဏ်ရာက နှလုံးသားက ဒဏ်ရာထက်
ပိုပြီးပြင်းထန်နိုင်လား......။

သေချာတာက အသားပေါ်က ထိခိုက်ဒဏ်ရာက ပျောက်ဖို့လွယ်ပေမဲ့၊ ရင်ထဲက ခံစားရတဲ့ ဝေဒနာကတော့
ဆေးရှိရင်တောင် အမြစ်မပျက်နိုင်တာမျိုး......။

ကျွန်တော့မှာဆေးရှိပေမဲ့၊ အဲ့ဒီ့ဆေးက
ကျွန်တော်လက်လှမ်းမမှီတဲ့ အရာဖြစ်နေတာတော့
ကျွန်တော့ထိုက်နဲ့ ကျွန်တော့ကံဘဲပေါ့......။
.
.
"ကြယ်.........."

အသံကအစ နှလုံးသားကို တုန်ခါသွားအောင်
စွမ်းဆောင်နိုင်တာ သူတစ်ယောက်ထဲသာ.......

နောက်လှည့်မကြည့်မိပေမဲ့
မတ်တပ်ကတော့ ထရပ်ပြီးသား.....။

ကျွန်တော့ရှေ့ကို သူလာသည်။

သူ့မျက်ဝန်းတွေကို ရင်မဆိုင်ရဲ၍
ကျွန်တော် ခေါင်းငုံ့ထားမိသည်။

အညိုရောင်မျက်ဝန်းတွေထဲ
မလိုလားမှုကိုတွေ့မှာ ကျွန်တော်မခံစားနိုင်ဘူး.....။
.
.
ခေါင်းငုံမတ်တပ်ရပ်နေသော ကြယ့်ကိုကြည့်ပြီး
ချေမိုးစိတ်မကောင်းမိ.....။

*အော်....မျက်နှာတောင်
မကြည့်ချင်ဘူးလား ကြယ်.....*

ဟုတ်တာပေါ့....။ လူတွေရှေ့မှာ သူ့ကိုထိုးလိုက်မိတာဘဲ
ဘာမှမဖြစ်ဘူးဆိုမှသာ အံ့ဩစရာကောင်းနေမှာ....။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now