AN/ mediaကသီချင်းလေးက ဟန်ကြိုက်လို့
တူတူနားထောင်ရအောင်❤"ဘာတွေ လုပ်နေတာလဲ....."
ရေချိုးခန်းထဲက ထွက်လာပြီး မီးဖိုချောင်မှာ ကြယ်ချက်ပြုတ်နေတာ တွေ့သည်နှင့် အနားနားကပ်ပြီး မေးလိုက်ခြင်းပါ....။
"ထမင်းကြော်နေတာလေ......."
ကြယ်ကအနောက်လှည့်ပြီး ချေမိုးအား ပြန်ဖြေလိုက်သည်။
မျက်နှာနားက အသက်ရှူငွေ့နွေးနွေးကို.ခံစားမိလိုက်တဲ့ အချိန်မှာတော့ ကြယ့်ကိုယ်လုံးလေး ကျောက်ရုပ်လိုဖြစ်သွားသည်။
အကြောင်းမှာ ချေမိုးကိုယ်လုံးက ကြယ်နှင့်နီးကပ်နေပြီး
ကြယ်လှည့်ကြည့်လိုက်သည့်အချိန် ချေမိုးမျက်နှာနှင့် ကြယ့်မျက်နှာ နီးကပ်နေသောကြောင့် ဖြစ်သည်။ချေမိုးကတော့ ထမင်းကြော်အိုးထံသာ အကြည့်ရောက်နေပြီး
ထမင်းကြော်မွှေနေတဲ့ ကြယ့်လက်ရပ်တန့်သွားသောကြောင့်
ကြယ့်ကို ကြည့်လိုက်မိသည်။အနီးကပ် မြင်နေရသော ချယ်ရီရောင်.နှုတ်ခမ်းပါးက ချေမိုးအား လည်ချောင်းထဲတွင် တစ်ခုခုနင်သလိုဖြစ်စေပြီး ရင်တွေပါတုန်လာစေသည်။
ကြယ့်ရဲ့နှုတ်ခမ်းပါးလေးအား
ကြည့်နေရင်းမှ မကြာသေးခင်က
ခံစားလိုက်ရသော နူးညံ့တဲ့အထိအတွေ့ကို ပြန်သတိရမိသည့်.အခါမှာတော့ ချေမိုးနောက်ကို
အမြန်ဆုတ်လိုက်မိသည်။အဆုတ်မတော်တော့ ခြေခေါက်သလိုဖြစ်ပြီး ကြမ်းပြင်မှာ ဖင်ထိုင်လျက်လေး ကျသွားသည်။
ကြယ်လည်း.ကြောင်ကြည့်နေမိရာမှ
တကျွတ်ကျွတ်နှင့်အော်နေသော ချေမိုးအသံကြားမှ ထူပေးဖို့ သတိရသည်။"ချေမိုးရရဲ့လား....လာ...လာ...
ငါ့ကိုကိုင်ပြီးထ......"ကြယ့်ပခုံးကိုတွဲပြီး ချေမိုးထလိုက်သည်။
ခြေထောက်က နာလည်းမနာ.ဘာမှမဖြစ်ပေမဲ့
ထမင်းစားပွဲထိ ကြယ့်ကိုတွဲပြီး သွားမိသည်။"ရလား...ခြေထောက်ကနာနေလား.....
ငါဆေးလိမ်းပေးမယ်......""ရတယ်.....မယူနဲ့တော့
ငါအဆင်ပြေတယ်......"
أنت تقرأ
CHANGE(ချိန်း)Completed(Z&U)
عاطفيةတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........