"မပြောလို့မရဘူး.....ငါသည်းမခံနိုင်တော့ဘူး....
သေချာနားထောင်သမီး.....ချေမိုးမြင့်ပိုင်ဆိုတဲ့
သမီးအကိုက ဒယ်ဒီ့သား မဟုတ်ဘူး.....
သမီးတစ်ယောက်ထဲကသာ ဒယ်ဒီ့သားသမီး....
ဒယ်ဒီချစ်ရတဲ့ ဒယ်ဒီ့သွေးစစ်စစ်....."ဦးအသင်္ချေစကားကြောင့် ပွင့်ချေလွှာအံ့သြသွားသည်မှန်း
ပွင့်နေသော သူမနှုတ်ခမ်းလွှာများက သက်သေခံနေသည်။"အဲ့တာဆို....အဲ့တာဆို....ကိုကိုက
သမီးနဲ့ အမေတူအဖေကွဲလား....ဘာတွေလဲ...ဒယ်ဒီရာ...
သမီး...နားမလည်တော့ဘူး....""သမီးနားလည်အောင် ဒယ်ဒီပြောပြမယ်....."
ဒေါ်ဝတ်လွှာစိမ်းက ဦးအသင်္ချေ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး...မျက်ရည်ရစ်ဝိုင်းနေသော..မျက်လုံးများဖြင့်...ကြည့်ကာ...
"မပြောပါနဲ့....ကျွန်မတောင်းပန်တာပါ......"
ဦးအသင်္ချေက ဒေါ်ဝတ်လွှာစိမ်းမျက်လုံးတွေအား တည့်တည့်စိုက်ကြည့်ရင်း.....
"ဒီအခြေအနေရောက်မှတော့....ပြောမှဖြစ်မယ်စိမ်း....
ကိုယ်သည်းမခံနိုင်တော့ဘူး....ကိုယ့်သွေးသားမဟုတ်လည်း...မင်းရဲ့သားမို့....ကိုယ်ချစ်ရတဲ့ မင်းရဲ့ကလေးမို့...သူဆိုးသမျှ
ဘာမှမပြောဘဲ လွှတ်ထားခဲ့တာ....အခု....အခုကိစ္စမှာ...
မင်းသားက....လက်မခံနိုင်တဲ့ကိစ္စတွေလုပ်နေတာ...
အဲ့တာကလည်း ဘယ်လိုလုပ်ပြီးတော့....ကြယ်နဲ့မှ.....ပြောနေရင်း ဒေါသထွက်လာတာကြောင့် လက်သီးနှင့် နံရံကို ထိုးလိုက်သည်။ ပွင့်ချေလွှာက ဖခင်ဖြစ်သူ၏ လက်ကို ဆွဲကိုင်လိုက်လေသည်။
"ဒယ်ဒီ...ဘာလုပ်တာလဲ...
အဲ့လို အသားနာအောင် မလုပ်ပါနဲ့....."ဒေါ်ဝတ်လွှာစိမ်းကို ကြည့်မိတော့လည်း ငိုနေသည့်အတွက်
နှစ်ယောက်ကြားမှာနေပြီး ပွင့်ချေလွှာတစ်ယောက် စိတ်ညစ်နေမိသည်။နှစ်ယောက်လုံးကို ကုတင်ပေါ်မှာ ထိုင်ခိုင်းပြီး....
ရေတွေဘာတွေခပ်တိုက်လိုက်သည်။"စိတ်အေးအေးထားပါ ဒယ်ဒီနဲ့မာမီရယ်....
ပြဿနာတစ်ခု ဖြစ်လာရင် ဖြေရှင်းရမယ့်နည်းလမ်းက ရှိပြီးသားပါ...
ဒယ်ဒီ့လို ဒေါသတကြီးနဲ့ ဖြေရှင်းလို့လည်းမရဘူး...မာမီ့လို ငိုနေလို့လည်းမရဘူး...ဒီကိစ္စ သမီးတာဝန်ထား...သမီးဝိုင်းစဉ်းစားပေးမယ်...
လောလောဆယ်..ကိုကို့အကြောင်း အရင်ပြောပြပါ...
ကိုကိုကတကယ်ဘဲ သမီးအကိုအရင်းမဟုတ်ဘူးလား...."
![](https://img.wattpad.com/cover/149106357-288-k750235.jpg)
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........