"ကြယ်......"
"ဟာ....ကိုစိုးဦး.....လာလေဗျ..."
ကြယ်ပန်းကန်ဆေးဖို့အောက်ဆင်းလာသည်နှင့် အိမ်ထဲဝင်လာသောကိုစိုးဦးက လှမ်းခေါ်လိုက်သောကြောင့်
အနားသွားကာ ခေါ်လိုက်သည်။"အကိုလေးရော......"
"အပေါ်မှာရှိတယ်....လှဲနေတယ်....
အလုပ်ကိစ္စဆိုရင်တော့ မပြောနဲ့ဦး....ကိုစိုးဦး...
သူ့ကိုနားစေချင်လို့..."ကိုစိုးဦးက ပိုတတ်ရန်ကောဆ်ိုတဲ့အကြည့်နဲ့ ကြည့်သည်ကို ခံလိုက်ရသည်။
"မပြောပါဘူးကွာ....နေမကောင်းနေတယ်ဆိုလို့ လာကြည့်တာ...ပြီးတော့...မင်္ဂလာကိစ္စအကြောင်း မေးချင်တာလည်းပါတယ်...."
"အော်.....အဲ့တာဆိုသွားလေ....
ကျွန်တော်...ပန်ကန်သွားဆေးလိုက်ဦးမယ်...."*သူဘာဖြစ်နေတာလဲ.....
မျက်နှာလည်းမကောင်းပါလား....*ကြယ်ကမျက်နှာမသာမယာနှင့် စကားစဖြတ်ပြီးဝင်သွားတာကြောင့်
ကိုစိုးဦးကောက်ချက်ချကာ ပြောမိခြင်းဖြစ်သည်။.
.
.
.
.
.
.
.
.
တံခါးကိုခပ်ဟဟစေ့ထားတာမြင်သော်လည်း ယဉ်ကျေးမှုအရ
အခန်းထဲမှာ ရှိနေတဲ့သူသိအောင် သုံးချက်ခေါက်လိုက်သည်။"ဒေါက်.....ဒေါက်....ဒေါက်....."
"ဖွင့်ထားတယ်......"
ချေမိုးဆီကထွက်လာတဲ့ ပုံမှန်နှင့်မတူဘဲ တိုးညှင်းနေသောအသံကြောင့် တော်တန်ရုံ နေမကောင်းဖြစ်သည်မဟုတ်မှန်း ကိုစိုးဦးသတိထားမိလိုက်သည်။
သာမန်ဖျားနာတာမျိုးဆိုရင်
အမြဲတမ်းမာနေတတ်တဲ့ သူ့အသံကို ဒီလို
ပျော့ပျောင်းနေအောင် လုပ်ဆောင်နိုင်မှာမဟုတ်....။အခန်းထဲဝင်သွားတော့ ကုတင်ဘောင်ကိုမှီပြီး မျက်လုံးတွေမှိတ်ထားတဲ့ချေမိုး....မျက်နှာမှာလည်း
ဖြူဖျော့နေသည်။ အဲ့ဒီ့အချိန် ကိုစိုးဦးတွေးလိုက်တာက တစ်ပတ်ဘဲလိုတော့တဲ့ မင်္ဂလာပွဲမှာ ချေမိုးပြင်ဆင်ရမည့်ကိစ္စများ.....။ဒါတွေကို သူဘယ်လိုလုပ်မလဲ....။ သတို့သားကိုယ်တိုင်က ဒီအချိန်အိပ်ယာထဲလဲနေတာ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စ။
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........