Extra 1(Unicode)

11.8K 843 32
                                    

Dream Agencyရဲ့ရုံးခန်းထဲတွင် စာရွက်စာတမ်းအချို့နှင့်
ချေမိုးတစ်ယောက်အလုပ်ရှုပ်လျှက် ရှိနေချိန်တွင် ဖုန်းတစ်callဝင်လာသည်။

Nameကိုမကြည့်ဘဲ ကောက်ကိုင်လိုက်ပြီး အသံမာမာနှင့် ပြန်ထူးလိုက်သည်။

"ဟဲလို...ပြောပါ....."

"အကို......."

ရယ်သံမြူးသောအသံကြားရုံနှင့် ချေမိုးသိလိုက်ပါသည်။
အသံပိုင်ရှင်ကား ပေါက်ကရမေးခွန်းများမေးတတ်သော ပန်းနု.....။

"အေး.....ပြော....."

"အကို..အခြေအနေ....."

ချေမိုးသက်ပြင်းအချို့ချလိုက်သည်။ ပန်းနုပြောသော အခြေအနေဆိုသည့်စကားကြောင့် ဖြစ်မည်ထင်သည်။

"ငါပြောပါတယ်ပန်းနု....ကြယ်ကတကယ့်
Innocenceပါလို့......"

"အကိုကလည်း သူလည်းယောကျ်ားလေးဘဲလေ
အမြဲတော့အင်နိုးမဆန့်နိုင်ဘူး...ပြောပါဦး....
မနေ့က အဆင်မပြေလို့လား....."

"ဒီလိုကိစ္စကို နင်နဲ့တိုင်ပင်နေရတာ
ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး....."

"ပြောပါအကိုရယ်....ပန်းနုနဲ့မတိုင်ပင်လို့...
အကို့ဂျာကြီးနဲ့တိုင်ပင်မလို့လား...ဒီလိုကိစ္စတွေဆိုတာ....
အတွေ့အကြုံတွေ အများကြီးရှိတဲ့သူနဲ့တိုင်ပင်ရတယ်..."

နောက်တော့မှ ပန်းနုသူ့စကားသူ ပြန်စဉ်းစားမိသွားတယ်ထင်..

"အဲ....အတွေ့အကြုံဆိုတာ....စာတွေ့....
Videoတွေ့ကိုပြောတာနော်...လက်တွေ့မဟုတ်ဘူး..."

"အေးပါဟာ...နင့်ဘဲပြောရတော့မှာပေါ့.....
ဒီလိုဟ....."
.
.
.
.
.
.
.
.
.
.
.
မနေ့ညက.....

ရေချိုးခန်းထဲကရေကျသံတွေကို နားထောင်နေရသောချေမိုးမှာ
ရင်တွေတထိတ်ထိတ်ခုန်နေလျှက်ရှိသည်။ အကြောင်းမှာ...
ပန်းနုစကားအတိုင်း ကြယ်နှင့်ပိုရင်းနှီးအောင်လုပ်ရန် အစီအစဉ်ဆွဲထားသောကြောင့်ဖြစ်သည်။

ရင်းနှီးအောင်လုပ်ရန်ဆိုသည်မှာ နမ်းသည့်အဆင့်ထက်ပိုရန်ရည်ရွယ်သည်။

ချေမိုးက နမ်းတာလောက်နှင့် ကျေနပ်ရောင့်ရဲနိုင်ပေမဲ့...
Gay Coupleတွေရဲ့ relationshipတစ်ခုမှာ
Living togetherက သံယောဇဉ်တွေ၊ အချစ်တွေ ပို၍ခိုင်မာစေကြောင်း....၊ အလွန်အရေးကြီးကြောင်း...၊ပန်းနုရဲ့နေ့စဉ်နေ့တိုင်း နားချမှုတွေကြောင့် လုပ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now