Part 14(Unicode)

10.9K 994 13
                                    

ကြယ်တစ်ယောက် ထမင်းစားခန်းထဲတွင် ထိုင်နေကာ
စဉ်းစားခန်းထုတ်နေလေသည်။

အချိန်အားဖြင့် မနက်၄နာရီခွဲ......

အစောကြီးထဖို့ မလိုအပ်သော်လည်း
အိပ်၍မရသောကြောင့် မီးဖိုချောင်ထဲမှာ လာထိုင်နေမိသည်။ ကြယ်မှတစ်ပါး အိမ်ရှိလူတွေ
မည်သူမျှ မနိုးကြသေး.....။

အလင်းရောင်ဖျော့ဖျော့အောက်တွင် မြင်နေရသော နံရံကို
ငေးစိုက်ကြည့်နေကာ စိတ်တို့က ချေမိုးထံပါးသို့ ပို့လွှတ်ထားသည်။

စဉ်းစားမိတိုင်း သက်ပြင်းချမိသည်က အကြိမ်ကြိမ်အခါခါ.....။

ပြီးတော့ မျက်လုံးထဲမှာ ပေါ်လာတဲ့
ထိုမိန်းကလေးပုံစံ......။

ချေမိုးပါလို့ စိတ်ထဲသွင်းနေသော်ငြားလည်း
ထိုမိန်းကလေးပုံစံကို မြင်ယောင်မိတိုင်း နိမ့်ချည်မြင့်ချည် ခုန်လာသော နှလုံးသားတစ်စုံ......။

"ဟာကွာ..........."

ရင်ဘတ်ကိုထုပြီး......ခေါင်းကိုသာ တွင်တွင်ခါမိသည်။

"ခံစားချက်ကြီးက ဆိုးလိုက်တာ.....
အသက်ရှူမဝဘူး.....ငါရောဂါ တစ်ခုခုဖြစ်နေပြီလား......"

တစ်ချို့လူငယ်တွေအဖို့တော့ ရင်ခုန်တာအချစ်လို့
ခေါင်းစဉ်သတ်မှတ်ကြပေမဲ့ ကြယ်ကတော့
ရောဂါဟုသာ သတ်မှတ်နေသည်။

ထိုအချိန် မီးဖိုခန်းထဲသို့ ဝင်လာသော
လူရိပ်တစ်ခု......။

ထိုလူရိပ်က တရိပ်ရိပ်ဖြင့် ရေခဲသေတ္တာနားသို့ ချဉ်းကပ်လာသည်။

ထို့နောက် ရေခဲသေတ္တာတံခါးကိုဖွင့်ကာ
ရေဘူးတစ်ဘူးယူ ပြန်ပိတ်ပြီး  အဲ့နားတွင်ဘဲ ငုတ်တုတ် ထိုင်ချကာ မျက်လုံးစုံမှိတ်ပြီး ရေမော့သောက်နေသည်။

ကြယ်ကတော့ ခုံပေါ်မှာထိုင်နေရင်း ထိုသူ၏လှုပ်ရှားမှု အကုန်လုံးကို လိုက်လံကြည့်ရှုနေသည်။

ရေသောက်ပြီးတော့ နေရာမှာပင် ငြိမ်ကျသွားသော
ထိုသူ၏ အနားသို့ ကြယ်သွားလိုက်ပြီး......

"အကိုလေး......အကိုလေး......."

"ဟင်........"

ချေမိုး၏အသံက အိပ်ချင်မူးတူးနှင့်......။
ရေခဲသေတ္တာကိုမှီပြီး မျက်လုံးအစုံကို
မှိတ်ချထားသေးသည်။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now