Extra 5❤

20.8K 1.3K 149
                                    

ဒီနေ့ကပိတ်ရက်လည်းဖြစ်....ကားရိုက်စရာ....
ကြော်ငြာရိုက်စရာ.အေဂျင်စီနဲ့ပတ်သတ်တဲ့ ကိစ္စလည်းတစ်ခုမှမရှိတာကြောင့် ကြယ်နှင့်ချေမိုးတို့နှစ်ယောက်လုံး...ကလေးတွေဆီ
ရောက်နေကြသည်။

အလုပ်ကလုံးဝမရှိတာမဟုတ်ဘဲ ဖျက်ထားတာဖြစ်သည်။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ဆိုးနေတဲ့ ကျွန်တော့ရဲ့ကြယ်လေးကြောင့်....။ အလုပ်ပါဖျက်ပြီး သေချာချော့မယ်လုပ်တော့လည်း ကိုယ်တော်ချောက လက်မခံ....။ကလေးတွေဆီကိုသာ လာချင်သည်တဲ့....။

ထုံးစံအတိုင်း ဂျာကြီးကိုအပူကပ်....။ ချိန်းထားတာတွေဖျက်ခိုင်း
လုပ်စရာရှိတာတွေ အကုန်လုပ်ခိုင်းထားတော့... ဆူပုတ်နေတဲ့မျက်နှာက ကျွန်တော့ကို မကျေနပ်သည့်ပုံ....။

မတတ်နိုင်ဘူးလေ.....ကြယ်စိတ်ဆိုးပြေဖို့က ပိုအရေးကြီးတာကိုး.......

အခုလည်းကြည့် ကျွန်တော့ကိုလုံးဝအဖက်မလုပ်ဘဲ
ကလေးတွေနဲ့အတူ တစ်ပြားနှစ်ပြား သွားဆော့နေတယ်...။
ဒီလောက်ငြီးငွေ့ဖွယ်ကောင်းတာကို ရယ်ရယ်မောမောနဲ့
ဆော့နေတဲ့ကြယ်...။ ကလေးတွေတောင် မဆော့ချင်တော့လို့တော်ပြီပြောတာကို မုန့်နဲ့ဆွယ်ပြီး မရရအောင် ထိုင်ခိုင်းထားတဲ့ကြယ်.....။

ချေမိုးလည်းကြိုက်တာလုပ်ဆိုပြီး....လွှတ်ထားပေးလိုက်ကာ
ခပ်လှမ်းလှမ်းမှာ..ထိုင်ပေးနေလိုက်သည်။ ခြေထောက်လေးနှံ့ကာ လေလေးချွန်ပြီး ထိုင်နေတဲ့ချေမိုးအား ကြယ်တစ်ယောက် ကလေးတွေနဲ့ကစားနေရင်းမှ တစ်ချက်တစ်ချက်ခိုးကြည့်နေသည်။

လျှာဦးထုပ်အနက်ရောင်ကို နောက်ပြန်ဆောင်း.....။
တီရှပ်အနီကိုမှ အပေါ်ကနေ ဂျင်းအနက်လက်ရှည် ထပ်ဝတ်ထားသေးတာ။ ပြီးတော့ ဝတ်ထားတဲ့ဘောင်းဘီကလည်း ကျပ်ပေ့ဆိုတဲ့ဂျင်းဘောင်းဘီ....။ တီရှပ်ကလွဲကျန်တာ အကုန်အနက်....။

သူ့ကိုကြည့်ပြီး ချွေးထွက်လာတာက ကျွန်တော်.....။
သူကတော့ ကမ်းခြေရောက်နေသလို အေးဆေးပဲ....။

စိတ်ဆိုးနေတုန်းမို့.....ချေမိုးနဲ့ပတ်သတ်ပြီး ကြယ်ဘာမှမပြော...။

တည့်နေတဲ့အချိန်တွေမှာတောင် ရာသီဥတုနဲ့ မကိုက်ညီတဲ့ အင်္ကျီတွေဝတ်လို့ ပြောမိရင်..."ငါက မင်းသားလေ.... ဒီလောက်တော့ဝတ်ရမှာပေါ့...အဲ့တာမှ ကိုယ်မသိလိုက်ဘဲ ဓာတ်ပုံရိုက်သွားရင်တောင် စမတ်ကျနေမှာ" လို့ ပြန်ပြောတတ်သေးသည်....။

CHANGE(ချိန်း)Completed(Z&U)Where stories live. Discover now