Part 25

18.5K 1.5K 37
                                    

ကျွန်တော့ရှေ့က စကားတွေအများကြီး ပြောနေတဲ့သူကိုကြည့်ပြီး ရင်ထဲတစ်စို့လာသည်။

သူနဲ့မလိုက်ဖက်အောင်ဘဲ အပြုံးတွေဖောဖောသီသီ သုံးပြီး
စကားတွေပြောနေလိုက်တာ......။

ကျွန်တော့ကြောင့်လား....။

သူ့အဖေကြောင့် သူ့မှာပါ တာဝန်ရှိတယ်ဆိုပြီး ခံစားရလို့ အဲ့လိုလုပ်နေတာလား.....။

ဟင့်အင်း.....။

ကျွန်တော်ဖြစ်စေချင်တာ အဲ့လိုမဟုတ်ဘူး.....။

ငါတို့မိသားစုကို ဒုက္ခပေးတဲ့ကောင်ဆိုပြီး အပြစ်တင်စေချင်တာ.....၊ ဒေါသထွက်စေချင်တာ....။

အခုလိုအခြေအနေကြီးကို ကျွန်တော်မကြိုက်ဘူး.....။

အဆင်မပြေဘဲနဲ့ အတင်းလုပ်ယူထားရတာ
ဘယ်လောက်ခက်တယ်ဆိုတာ ကျွန်တော်ပိုသိတာပေါ့...။

ထိန်းချုပ်မရတဲ့စိတ်တို့က မြင်နေရတဲ့ သူ့ကျောပြင်လေးနောက် ပြေးပြီး သိုင်းဖက်ခြင်းဆီ....။

တစ်ဆက်တည်းမှာဘဲ ကျဆင်းလာတဲ့မျက်ရည်တွေကို
ဖုံးကွယ်မနေတော့ဘဲ သူ့ပခုံးပေါ် ခေါင်းတင်ပြီး ငိုယိုနေမိတာ......။

ဒါနောက်ဆုံးပါဘဲ....ချေမိုး......။

မင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို မျက်ရည်တွေနဲ့အတူ မျှောချဖို့ မင်းပခုံးကိုငှားတာ ဒါနောက်ဆုံးပါဘဲ.....။

မျက်ရည်တွေပိုလာလေ...သူ့ကိုယ်လုံးလေးကို
ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားမိလေ.....။

နောက်ဆုံးတစ်ကြိမ်မို့ သူမရုန်းတဲ့အတွက်
ကျွန်တော်ကျေးဇူးတင်မိသည်။

ပထမဆုံး အချစ်အတွက်
သင်ခန်းစာက ဘယ်သူ့ကိုမှ အရမ်းမချစ်မိစေဖို့ဘဲ....

ကိုယ်ထင်သလို ဖြစ်မလာတဲ့အခါ
သေအောင် နာကျင်ရလို့ပါ......။
.
.
.
ခဏလောက် ငြိမ်သက်ပေးနေရာမှ သူ့လက်ကို ဖြုတ်ချပြီး သူ့ဘက်ကိုလှည့် သူ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး မျက်ဝန်းတွေကို စိုက်ကြည့်ပေးလိုက်တော့ မျက်ရည်စတွေ တွဲခိုနေတဲ့ မျက်ဝန်းကြည်ကြည်တို့က ချက်ချင်းပင်
အကြည့်လွှဲသွားသည်။

CHANGE(ချိန်း)Completed(Z&U)Where stories live. Discover now