Part 4(Unicode)

14.7K 1.4K 4
                                    

"မစားချင်ဘူး....မစားချင်ဘူး...ဟီး...ဟီး....."

"မစားလို့မရဘူး.....ဒါဘဲရှိတယ်....
ရှိတာနဲ့ဘဲစား....."

"ဟီး....ဟီး.....ဟင့်....."

ကလေးတွေကို ဟင်းလိုက်ထည့်ပေးနေရာမှ
ကလေးတစ်ယောက် ငိုသံကြားတော့ နောက်ဆုံးကျန်တဲ့ ကလေးတစ်ယောက်ကို ဟင်းမြန်မြန်
ထည့်ပေးပြီး ငိုနေတဲ့ကလေးဆီကို မြန်မြန်သွားလိုက်သည်။

ကလေးကအရမ်းငိုနေသည်။ အဲ့ကလေးဘေးမှာရှိနေတဲ့
စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ မစိန်ကို ဘာဖြစ်လို့လဲ မေးလိုက်တော့...

"ဘာဖြစ်နေတာလဲ....မစိန်....."

"ဒီမှာလေ....ဆရာလေးရယ်....
မစားချင်ဘူးလုပ်နေတယ်....တခြားကလေးတွေလည်း
ဒီဟင်းနဲ့ဘဲ စားနေတာ....သူ့ကျမှ...ဂျီးများနေတယ်...
သူဌေးသားလည်းမဟုတ်....ရှိတာနဲ့ဘဲစားရမှာပေါ့....
ထမင်းစားရတာတောင်....ကံကောင်းနေပြီ....."

တိုင်တောသလိုပြောနေသော မစိန်စကားတို့ကြောင့်
ကြယ့်ရဲ့ဒေါသတွေက ကလေးအပေါ်သို့မဟုတ်ဘဲ မစိန်အပေါ်သို့  ရောက်သွားစေသည်။

နဂိုတည်းက သိမ်ငယ်နေတဲ့ ဘဝလေးတွေကို
ဘာလို့ သိမ်ငယ်အောင် ထပ်လုပ်ချင်နေရတာလဲ....။
လုပ်အားပေးလာလုပ်နေပြီး စေတနာပါပါ
မဆက်ဆံနိုင်ဘဲနဲ့ အမည်ခံကုသိုလ်ယူနေကြတာတွေကို
ကြယ်သိပ်မုန်းတယ်......။

"မစိန်.....ကလေးဘဲဗျ....သူမစားချင်ရင် မစားဘူး...
စားချင်တာဆို....စားမယ်...ဒါဘဲရှိတာလေ... မစားချင်ရင်လည်း...ကိုယ်ကချော့မော့ပြီး ကျွေးရမှာပေါ့...
ဘာလို့ သိမ်ငယ်စေတဲ့စကားတွေ ပြောနေရတာလဲ....
စေတနာပါပါမလုပ်နိုင်ရင်လည်း လုပ်အားပေး
လာလုပ်မနေနဲ့ဗျာ......"

ကြယ်ဒေါသထွက်၍ ပြောမိတော့
မစိန်က ဆောင့်ကြီးအောင့်ကြီးနဲ့
ကြယ့်ရှေ့က ထွက်သွားသည်။ ဒီလိုပြောပေါင်းများလို့လည်း
ဘုန်းဘုန်းနဲ့အတိုင်ခံရသည်က ခဏခဏ....။

မတတ်နိုင်ဘူး....သူတို့လေးတွေရဲ့ ခိုလှုံရာကို
မိဘအရိပ်လို မအေးမြစေရင်တောင် ပျော်နေစေချင်တယ်...သူတို့လေးတွေဟာ
ဘာတန်ဖိုးမှ မရှိတဲ့ ကလေးတွေလို့ သိမ်ငယ်စိတ် မဝင်စေချင်ဘူး....။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now